ကော်ပီကြေး သိန်း ၅၀ တောင်းတဲ့ ကျောင်းအုပ်မြင့်မြင့်စန်း (ကျောင်းသားမိဘတဦးပေးစာ)

ပို့စ်တင်ချိန် - 11/01/2013 06:13:00 PM


TTC ဆို တာ အစဉ်အလာ ကောင်းတဲ့ နာမည်ကြီး ကျောင်းပါ။ ဒီကျောင်းက ဆရာမ တွေ ဟာ ငွေ တစ်ခုထဲ ကြောင့် အလုပ်လုပ်တာ မဟုတ်ပါဘူး။ ဒီကျောင်းကြီး က ဆရာမ ဖြစ်ရတာနဲ့ တင် ဂုဏ်ယူစွာ အလုပ်လုပ် နေကြတဲ့ အဆင့်အတန်းရှိတဲ့ ပညာတတ်တွေပါ။

အ ပြောအဆို ကြမ်းတဲ့ ကျောင်းအုပ် ကို ပညာရှိ နည်း နဲ့ ဖယ်ခွာ ကြတာပါ။ ဒါကို သိတဲ့ သူက အပြောင်းအလဲ တွေ စလုပ်ပါတယ်။ ဆရာမတွေ ကို အတန်းတွေ ဘာသာ ရပ်တွေ ပြောင်းပစ်ပါတယ်။ အ ပေါစားဆန်တဲ့ စည်းရုံးရေး နဲ့ သူနဲ့ အလျင်းသင့်သူတွေ ကို ဘာသာရပ်ကောင်း အတန်းကောင်းတွေပေးပါတယ်။

ခေါင်းဆောင် တစ်ဦးဟာ မိမိ အာဏာ တည်မြဲ ဖို့ ပြောင်းအလဲ လုပ်တာ လက်ခံ ပါတယ်။ ဒါပေမဲ့ ကိုယ် လုပ်အပေါ် တာဝန်ယူမှု ရှိ ရပါမယ်။

ဥပမာ kg က လေးတန်းကို သုံးတန်း ဆရာမ နဲ့ ချိန်းပါတယ်။ ဆရာမြ ကီး ဒေါ်ခင်ဝင်းအောင် လက်ထက် က Kg ဆရာမ တွေ ကို ပညာရေး သုတေသန က ကို ဖွင့်တဲ့ preschool training ကို အရင်တက်ခိုင်းခဲ့ ပါတယ်။ ရန်ကင်းကျောင်းအုပ်ြ ကီးတွေ လည်းဒီသင် တန်း ကို တက်ဖူးကြပါတယ်။

စာစ သင် စ ကလေးအရွယ် ဟာ အ ရေး အသား အလွန် အရေးြ ကီးပါတယ်။ ကျမ သမီး အတန်းပိုင် ရ ကောက်ရေးတာ ၇ လို့ ရေးပါတယ်။ တော်သေးလို့ ညွှန်ချုပ်ြ ကီးသိသွာြး ပီး နောက်နှစ် Kg ဆရာမ များ training ပြန် တက် ရ မယ် ပြောပါတယ်။ နောက် ကလေးတွေ အတွက် ဝမ်းသာ စရာ ဖြစ်ပေမဲ့ ကျမ သမီးနဲ့ ကျမ တော်တော် ပြန်သင်ရပါတယ်။ သူ့ ဆရာမ ကမှ အမှန်ထင်တာလေ။

ကျောင်းစ က ကျောင်းအုပ် ကြီး ကို ဒီကိစ္စ ကျမပြောပါတယ်။ သူက training တော့ မသွားခိုင်းဘူး
စာတွေ မိတ္တူ ကူးပြီး ဖတ်ခိုင်းတယ်စာကူးခ သိန်း၅၀ ကျော်လောက် ကုန်တယ် လို့ ပြောတော့ စီးပွားရေးလုပ်တဲ့ ကျမ သူဘာပြောချင် လည်းကောင်းငေ်းသဘောပေါက်ပြီး ဆက်မပြောတော့ပါ။
သူက ကျမက ဒီ ကျောင်းမှာ မြေစမ်းခရမ်းပျိုး အလုပ်လုပ်နေရတာတဲ့။

အော် TTC လို မြေဆီမြေနှစ်ကောင်းပြီးသားကျောင်း ကို သူက ခရမ်းပျိုးနေရ တယ်ဆိုတော့ ကျောင်းသူဟောင်းတစ်ဦးအ နေ နဲ့ ရင် ထဲ မှာ နင့်နေအောင် ခံစားမိပါတော့တယ်။

Credit : Practising High School, Yangon Institute of Education (TTC), မတရားမှု၊ညှင်းပမ်းနှိပ်စက်မှု၊လာဘ်စားမှုတွေ ဒီမှာလာရင်ဖွင့်ပါ။