အဆိုတော်သီရိဆွေလည်း ၂၀၁၄ ဇန်န၀ါရီတွင်အိမ်ထောင်ပြုတော့မည်

ပို့စ်တင်ချိန် - 11/19/2013 12:48:00 PM


ဘုန်းနေလ(ဒဂုံတက္ကသိုလ်)| အင်္ဂါနေ့၊ နိုဝင်ဘာလ ၁၉ ရက်၊ ၂၀၁၃ ခုနှစ်

အဆိုတော်သီရိဆွေသည် ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁၅ ရက်တွင် မင်္ဂလာဦးဆွမ်းကျွေး ကျင်းပမည်ဖြစ်ကာ မင်္ဂလာဧည်ခံပွဲကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁၉ ရက်တွင် ကျင်းပမည်ဖြစ်သည်။ မင်္ဂလာညစာ စားပွဲကို ကန်တော်ကြီးပဲလေ့စ်ဟိုတယ်တွင် ဇန်န၀ါရီ ၂၀ ရက်၌ ကျင်းပမည် ဖြစ်သည်။

“ကျွန်မအိမ်ထောင်ကျပြီးသွားရင်လည်း အနုပညာအလုပ်တွေကို ဆက်ပြီးလုပ်သွားမှာပါ။ ကိုယ်က အိမ် ထောင်ကျသွားပေမယ့်လည်း အနုပညာအလုပ်ရော၊ အိမ်မှုကိစ္စတွေကိုလည်း လစ်ဟင်းမှုမရှိအောင်တော့ ဖြတ်သန်းသွားမှာပါ။ ကိုယ့်အိမ်ထောင်ရေးကို သာယာမှုဖြစ်အောင်အတတ်နိုင်ဆုံးကြိုးစားပြီး ဖြတ်သန်း သွားမှာပါ။ သူ့နာမည်ကိုတော့ လောလောဆယ်မပြောချင်သေးပါဘူး”ဟု ၎င်းက ပြောသည်။

သီရိဆွေ၏ချစ်သူမှာ ၎င်း၏သူငယ်ချင်းဖြစ်ပြီး ချစ်သူသက်တမ်းခြောက်နှစ်ကျော် ကြာမြင့်ပြီဖြစ်ကာ ပြည် တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည်။

အဆိုတော်သီရိဆွေသည်Play Boy တီးဝိုင်း၏ ဂစ်တာကျော်မင်းရဲ့သမီး ဖြစ်ပြီးIdiots အဖွဲ့မှ ဖိုးလုံး၏ အစ်မလည်းဖြစ်သည်။ ၎င်းသည်အတွဲစီးရီးများဖြင့် ဂီတလောကသို့ဝင်ရောက်ခဲ့ပြီး စိုင်းစိုင်းခမ်းလှိုင်နှင့်အတူ တေးသီချင်းများစွာကို သီဆိုခဲ့သူတစ်ဦးဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် သူမ၏ပထမဆုံး တစ်ကိုယ်တော်စီးရီး “ရိုလာကိုစတာ”ကို ထွက်ရှိခဲ့သူဖြစ်သည်။
Mizzima - News in Burmese