ကမာရွတ်မြို့နယ်အတွင်း၌ လှည့်လည်ခိုးယူနေသော တရားခံအားဖေါ်ထုတ်ရမိ

ပို့စ်တင်ချိန် - 11/26/2013 09:50:00 AM


ရန်ကုန်၊ နိုဝင်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည် ၁၄.၁၁.၂၀၁၃ရက်နေ့ ၁၂၀၀အချိန်ခန့်တွင် ခိုးမှုများကျူးလွန်ထားကြောင်း သတင်းရရှိသူ ပြည့်ဖြိုးအောင်(ခ)ပေါက်ကြီး (ဘ)ဦးတင်စိုး၊ နွယ်ခွေကျေးရွာအုပ်စု၊ ထောက်ကြန့်၊ မင်္ဂလာဒုံမြို့နယ် နေသူအားဖမ်းဆီးရမိပြီး ကမာရွတ်မြို့မရဲစခန်း(ပ)၃၃၄/၂၀၁၃၊ ပုဒ်မ ၃၈၀အမှုဖြင့် ရီမန်ယူစစ်ဆေး ခဲ့ပါသည်။

ထိုသို့စစ်ဆေးခဲ့ရာ ၆.၁၁.၂၀၁၃ရက်နေ့ ၀၃၃၀အချိန်ခန့်တွင် ကမာရွတ်မြို့နယ်၊ (၃)ရပ်ကွက်၊ မြနန္ဒာလမ်းရှိ အမျိုးသားအဆောင် အတွင်းမှ SAMSUNG GALAXY NOTE II အဖြူ/ခဲရောင် ဟန်းဆက်(၁)လုံးကို ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ကမာရွတ်မြို့မရဲစခန်း(ပ)၅၀၁/၂၀၁၃၊ ပုဒ်မ ၃၈၀/၅၄ဖြင့်လည်းကောင်း၊ ၂၀၁၃ခုနှစ်၊ ဇူလိုင်လရက်မမှတ်မိနေ့ ၀၃၀၀အချိန်ခန့်ကကမာရွတ်မြို့နယ်၊ (၃)ရပ်ကွက်၊ ထန်းတပင်လမ်းရှိ နေအိမ်တစ်အိမ်အတွင်းမှ APPLE တံဆိပ်ပါ Mac Book Air ငွေရောင်လက်တော့ကွန်ပျူတာ (၂)လုံးတို့အား ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ကမာရွတ်မြို့မရဲစခန်း (ပ)၅၀၂/၂၀၁၃၊ ပုဒ်မ ၃၈၀/၅၄ဖြင့်လည်းကောင်းအမှုဖွင့် အရေးယူခဲ့ပါသည်။

၉.၄.၂၀၁၃ရက်နေ့ ၀၂၀၀အချိန်ခန့်၌ ကမာရွတ်မြို့နယ်၊ (၃)ရပ်ကွက်၊ စေတနာသုခလမ်း၊ တိုက်အမှတ်(S/72) အခန်းအမှတ်(အေ/၂) တိုက်ခန်းအတွင်းမှ DELL အမျိုးအစား အနက်ရောင် လက်တော့
ကွန်ပျူတာ(၁)လုံးအား ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ကမာရွတ်မြို့မရဲစခန်း (ပ)၅၀၃/၂၀၁၃၊ ပုဒ်မ ၃၈၀/၅၄ဖြင့် လည်းကောင်း၊၃၀.၁၀.၂၀၁၃ရက်နေ့ ၀၃၃၀အချိန်ခန့်တွင် ကမာရွတ်မြို့နယ်၊ (၃)ရပ်ကွက်၊ စေတနာသုခလမ်းရှိ အမျိုးသမီး အဆောင်အတွင်းမှ SAMSUNG DOUS အမျိုးအစားအပြာရောင် ဟန်းဆက် (၁)လုံးအား ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ကမာရွတ်မြို့မရဲစခန်း(ပ)၅၀၄/၂၀၁၃၊ ပုဒ်မ ၃၈၀/၅၄ဖြင့် လည်းကောင်းအမှုဖွင့်အရေးယူခဲ့ပါသည်။

၁၁.၁၁.၂၀၁၃ရက်နေ့ ၀၃၀၀အချိန် ကမာရွတ်မြို့နယ်၊ (၁)ရပ်ကွက်၊ ရတနာမြိုင်လမ်းရှိ အမျိုးသားအဆောင်အတွင်းမှ SAMSUNG အမျိုးအစားအနက်ရောင်ဟန်းဆက်(၁)လုံးအား ခိုးယူ ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ကမာရွတ်မြို့မရဲစခန်း(ပ)၅၀၅/၂၀၁၃၊ ပုဒ်မ ၃၈၀/၅၄ဖြင့် လည်းကောင်း၊ ၂၀၁၃ခုနှစ်၊ ဇွန်လရက်မမှတ်မိနေ့ ၀၃၃၀အချိန်၌ ကမာရွတ်မြို့နယ်၊ (၃)ရက်ကွက်ရှိ အမျိုးသား အဆောင်အတွင်းမှ ASUSအမျိုးအစားအနီရောင်လက်တော့ (၁)လုံး၊ (၁)ရပ်ကွက်အတွင်းရှိ တိုက်ခန်းတစ်ခန်းအတွင်းမှ IBPC အမျိုးအစား အနက်ရောင်လက်တော့(၁)လုံးနှင့် ရတနာမြိုင်လမ်းရှိ အမျိုးသား အဆောင်အတွင်းမှပင် HUAWEI အမျိုးအစားအနက်ရောင် ဟန်းဆက်(၁)လုံးတို့အား ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ကမာရွတ်မြို့မရဲစခန်း(ပ)၅၀၆/၂၀၁၃၊ ပုဒ်မ ၃၈၀/၅၄ ဖြင့် လည်းကောင်း အမှုဖွင့်အရေးယူခဲ့ပါသည်။

၂၀၁၃ခုနှစ်၊ စက်တင်ဘာလ ရက်မမှတ်မိနေ့ ၀၃၀၀အချိန် ကမာရွတ်မြို့နယ်၊ (၁)ရပ်ကွက်ရှိ အမျိုးသမီးအဆောင်အတွင်းမှ SAMSUNG အမျိုးအစားအနက်/လိမ္မော်ရောင် ဟန်းဆက်(၁)လုံး၊
အောက်တိုဘာလအတွင်းက ကမာရွတ်မြို့နယ်၊ (၃)ရပ်ကွက်ရှိ အမျိုးသားအဆောင် အတွင်းမှ SAMSUNG DOUS အမျိုးအစား အနက်ရောင် ဟန်းဆက်(၁)လုံးနှင့် နိုဝင်ဘာလအတွင်း ရက်မမှတ်မိ
နေ့ကပင် (၁)ရပ်ကွက်၊ ရတနာမြိုင်လမ်းရှိ အမျိုးသားအဆောင်အတွင်းမှ HUAWEI အမျိုးအစားဟန်းဆက်(၁)လုံးတို့အား ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ကမာရွတ်မြို့မရဲစခန်း (ပ)၅၀၇/၂၀၁၃၊ ပုဒ်မ ၃၈၀/၅၄ဖြင့်လည်းကောင်း၊ ၂၀၁၃ခုနှစ်၊ ဇူလိုင်လ ရက်မမှတ်မိနေ့ ၀၂၀၀အချိန်ခန့်၌ ကမာရွတ်မြို့နယ်၊ (၁)ရပ်ကွက်အတွင်းရှိ တိုက်ခန်း တစ်ခန်းအတွင်းမှ Lenovoအမျိုးအစားလက်တော့ကွန်ပျူတာ(၁)လုံးအား ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ကမာရွတ်မြို့မရဲစခန်း (ပ)၅၀၉/၂၀၁၃၊ ပုဒ်မ ၃၈၀/၅၄ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့် အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police