ဒဂုံမြို့သစ်(အရှေ့ပိုင်း)ရှိ ပရိဘောဂစက်ရုံ ယနေ့နံနက် မီးလောင်

ပို့စ်တင်ချိန် - 11/06/2013 05:14:00 PM


ရန်ကုန်၊ နိုဝင်ဘာ ၆
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဦးရွှေဘင်လမ်းနှင့် ဦးခင်ညိုလမ်းထောင့်ရှိ ပရိဘောဂစက်ရုံတွင်ယနေ့ နံနက်၀၆း၄၅အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းYangon Policeမှသိရသည်။
အဆိုပါနေရာသို့ အုပ်ချုပ်မှုယာဉ် (၅)စီး၊ မီးသတ်ယာဉ် (၅၆)စီးတို့ဖြင့်
ရောက်ရှိငြိမ်းသတ်ခဲ့ရာ နံနက်၀၇း၁၅အချိန် မီးညွန့်ကျိုးသွားခဲ့ပြီး
၀၈း၀၀အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။
အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍ စစ်ဆေးရာဝါယာကြိုး(၂)ချောင်းပူးပြီး
ရှော့ဖြစ်၍ မီးလောင်ခဲ့သဖြင့် သစ်အချောထည်များသိုလှောင်ထားသည့် ဂိုဒေါင်မှာ မီးလောင်ကျွမ်းခဲ့ပြီး တန်ဘိုးငွေကျပ်သိန်း (၁၀၀၀)ခန့်
ဆုံးရှုံးခဲ့ရသဖြင့် ပရိဘောဂစက်ရုံမန်နေဂျာအား ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့မရဲစခန်း(ပ)၅၃၈/၂၀၁၃၊ ပုဒ်မ ၂၈၅ဖြင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။

ဓါတ်ပုံ-Yangon Police