ဘင်္ဂလာဒေခ်ျ့ တပ်တွင်း ပုန်ကန်မူတွင် ပြစ်မူကျူးလွန်သူ ၁၅၂ ဦးကို သေဒဏ်ပေး

ပို့စ်တင်ချိန် - 11/06/2013 11:16:00 AM


သတ်ဖြတ်ခံခဲ့ရသော စစ်အရာရှိများ။

မြန်မာရဲ့ အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့ နိုင်ငံမှာ စစ်ဘက် ဆိုင်ရာ အရာရှိ ၅၀ ကျော်ကို သတ်ဖြတ်ပစ်ခဲ့တဲ့ တပ်တွင်း ပုန်ကန်မူအတွင်း ပြစ်မူကျူးလွန်သူ ၁၅၂ ဦးကို ဒက္ကားမြို့ တရားရုံးတော်က မနေ့က သေဒဏ်ချမှတ်လိုက်ပါတယ်။

ဒီသတင်းကို ဒီကနေ့ထုတ် ဘင်္ဂလာဒေခ်ျ့ နိုင်ငံက သတင်းစာတွေရဲ့ ရှေ့မျက်နာမှာ ထိပ်ဆုံး သတင်းအဖြစ် ဖေါ်ပြကြပါတယ်။

သေဒဏ်ချမှတ်ခံရသူ ၁၅၂ ဦးထဲမှာ ၁၅၀ ကတော့ ယခင် တည်ရှိခဲ့တဲ့ ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့ (Bangladesh Rifle- BDR) က ဖြစ်ပြီး ကျန်နှစ်ဦးကတော့ အရပ်သားတွေ ဖြစ်ကြတယ်လို့ သတင်းစာတွေက ဆိုပါတယ်။ (ဒီပုန်ကန်မူ ဖြစ်ပွားပြီးတဲ့ နောက်မှာ Bangladesh Rifle ကို Border Guard Bangladesh လို့ နာမည် ပြောင်းပစ်ခဲ့ပါတယ်။)

ဒါ့ပြင် ထင်ရှားတဲ့ အတိုက်အခံ ပါတီက လွှတ်တော် အမတ်ဟောင်း တစ်ဦးနဲ့ လက်ရှိ အစိုးရပါတီက ဒေသဆိုင်ရာ ဥက္ကဌ တစ်ဦး အပါအ၀င် လူပေါင်း ၁၆၁ ဦးကိုလည်း အဲဒီ ပုန်ကန်မူမှာ ပါဝင် ပတ်သက်တယ်ဆိုပြီး တရားရုံးတော်က ထောင်တစ်သက်စီ အသီးသီး ချမှတ်ခဲ့ပါတယ်။

ဒီတပ်တွင်းပုန်ကန်ဟာ ဘင်္ဂလာဒေခ်ျ့နိုင်ငံ ဒက္ကားမြို့ထဲက BDR ဌာနချုပ်  Pilkhana မှာ  ၂၀၀၉ ခုနှစ် ဖေဖေါ်ဝါရီလ ၂၅ နဲ့ ၂၆ ရက်နေ့တွေမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီ သွေးထွက်သံယိုမူ အကြီးအကျယ်ဆုံး ဖြစ်ပွားခဲ့တဲ့ ပုန်ကန်မူ အတွင်း စစ်ဘက်ဆိုင်ရာ အရာရှိကြီး ၅၇ ဦး အပါအ၀င် လူပေါင်း ၇၄ ဦး အသတ်ခံခဲ့ကြရပါတယ်။

ပုန်ကန်သူများကို ယင်းအချိန်က စစ်တပ်က နှိမ်နှင်းရန် ကြိုးပမ်းနေစဉ်။ (ဓါတ်ပုံ- အင်တာနက်)
ပုန်ကန်သူများကို ယင်းအချိန်က စစ်တပ်က နှိမ်နှင်းရန် ကြိုးပမ်းနေစဉ်။ (ဓါတ်ပုံ- အင်တာနက်)

ဒီပုန်ကန်မူဟာ BDR တပ်ဖွဲ့ အတွင်း တာဝန်ထမ်းဆောင်နေတဲ့ အောက်ခြေအဆင့် အရာရှိငယ်တွေနဲ့ တပ်သားတွေက စစ်တပ်ကနေ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်တဲ့ အရာရှိကြီးတွေဟာ အကျင့်ပျက် ခြစားမူ၊ ခွဲခြားဆက်ဆံမူတွေနဲ့ လုပ်ပိုင်ခွင့်တွေကို မောင်ပိုင်စီးထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပုန်ကန်မူကို ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီ တပ်တွင်း ပုန်ကန်မူဟာ နာရီပေါင်း ၃၃ နာရီ ကြာမြှင့်ခဲ့ပြီး BDR တပ်ဖွဲ့ရဲ့ တပ်မှူး ဗိုလ်မှူးချုပ် ချာကီးအာမတ်လည်း သတ်ဖြတ်ခံခဲ့ရပါတယ်။ လက်ရှိ အစိုးရ အာဏာရပြီး (၁) လအကြာမှာ ဒီတပ်တွင်း ပုန်ကန်မူ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး လက်ရှိ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာရဲ့ ကြားဝင် စေ့စပ်မူကြောင့် နောက်ပိုင်းမှာ ပုန်ကန်မူဟာ အဆုံးသတ်သွားခဲ့ပါတယ်။

အဲဒီပုန်ကန်မူနဲ့ ဆက်စပ်ပြီး BDR တပ်ဖွဲ့ဝင် ၁၇၃၀၆ ဦးကို ခုံရုံး ၁၁ ခု ဖွဲ့ပြီးစစ်ဆေးခဲ့ပါတယ်။

အခုအချိန်ထိတော့ သေဒဏ်ပေးခံရတဲ့ ၁၅၂ ဦးထဲက ၁၂ ဦးဟာ ထွက်ပြေး လွှတ်မြှောက်နေတယ်လို့ သိရှိရပါတယ်။
(နိရဉ္စရာ- ၆ နိုဝင်္ဘာ ၂၀၁၃)