မြန်မာပြည် ပြန်စရာမလို့ဘဲ ထိုင်းမှာ ဗီဇာသက်တမ်းတိုးလို့ရတော့မည်

ပို့စ်တင်ချိန် - 11/21/2013 06:58:00 PM


21.11.2013

ထိုင်းနိုင်ငံထဲက ဗီဇာ ၄ နှစ်ပြည့် မြန်မာအလုပ်သမားတွေအနေနဲ့ ထိုင်းမှာဘဲ ဆက်ပြီး အလုပ် လုပ်မယ်ဆိုရင် မြန်မာပြည်ကို ပြန်စရာမလိုဘဲ ထိုင်းနိုင်ငံကနေ ဗီဇာသက်တမ်းတိုးလို့ ရတော့မယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ အပြောကို ကိုးကားပြီး ထိုင်းအစိုးရအင်တာနက် စာမျက်မှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာအလုပ်သမားဝန်ကြီး ဦးအေးမြင့်နဲ့ ထိုင်းအလုပ်သမား ရှာဖွေရေးဦးစီးဌာနရဲ့ ညွှန်ချုပ် မစ္စတာ ပရ၀စ်ခိန့်ဖွန်တို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်နေ့က ဘန်ကောက်မြို့မှာ တွေ့ဆုံ ဆွေးနွေးပြီး အခုလို ပြောကြားလိုက်တာလို့ ဆိုပါတယ်။

အဲဒီ တွေ့ဆုံမှုမှာ ၄ နှစ် ဗီဇာသက်တမ်းကုန် မြန်မာအလုပ်သမားတွေအနေနဲ့ မြန်မာပြည် ပြန်စရာမလိုဘဲ ထိုင်းနိုင်ငံထဲကနေဘဲ အထောက်အထားတွေ လုပ်ဆောင်နိုင်ရေး၊ လက်ရှိ ဗီဇာ ကုန် အလုပ်သမားပေါင်း ၃ သောင်းကျော်အတွက် တနေရာတည်းအပြီး ၀န်ဆောင်ရေးစခန်း ၅ ခုကို ချင်းရိုင်းခရိုင်၊ တာ့ခ်ခရိုင် (မဲဆောက်မြို့နယ်)၊ ကန်ချနဘူရီခရိုင်၊ ရနောင်းခရိုင်၊ ပရကျူတ်ခီရိခန်ခရိုင် (ဆိန်းခေါင်န်ဂိတ်)တွေမှာ ဖွင့်လှစ်ဖို့ ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါအပြင် အဲဒီဆွေးနွေးချက်တွေကို လာမယ့် နိုဝင်ဘာ ၂၆ ရက်နေ့မှာ ကျင်းပဖို့ ရှိတဲ့ ထိုင်းဝန်ကြီးများ အစည်းအဝေးမှာ တင်သွင်းဖို့ ရှိကြောင်း အတည်ပြုပြီးတာနဲ့ထိုင်းပြည်ထဲရေး ၀န်ကြီးဌာနက ၁ လအတွင်း ကြေငြာချက် ထုတ်ပြန်ပေးဖို့ ဖြစ်ပြီး လာမယ့် ဒီဇင်ဘာ နောက်ဆုံးပတ်အတွင်း လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော် ဆောင်ရွက် ပေးနိုင်မယ်လို့လည်း ထိုင်းအစိုးရ၀က်ဘ်ဆိုက်မှာ ရေးသားထားပါတယ်။

DVB