ပြည်ပမီဒီယာများ၏ဝေဖန်မှုများကို ဒေါ်အောင်ဆန်းစုကြည် ဆစ်ဒနီတွင်တုံ့ပြန်ဖြေရှင်း

ပို့စ်တင်ချိန် - 11/28/2013 12:08:00 PM


သြစတြေးလျနိုင်ငံသို့ ရောက် ရှိနေသော ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာနိုင်ငံအတွင်း ဖြစ်ပွား နေသော လူမျိုးရေးပြဿနာနှင့် ပတ်သက်သော ၄င်း၏ ရပ်တည် ချက်များအပေါ်မေးခွန်းထုတ်ခဲ့ခြင်း များကို တုံ့ပြန်ဖြေရှင်းသွားခဲ့သည် ဟု အေပီသတင်းဌာနက ယနေ့ ဖော်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဆစ်ဒနီပြဇာတ်ရုံ၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ''လူ့ အခွင့်အရေး ချိုးဖောက်ခံရသူတွေ ကို အမြဲကာကွယ်ပေးခဲ့ပါတယ်။ နိုင်ငံအတွင်းမှာဖြစ်နေတဲ့ ပြဿနာ အပေါ် တချို့က ကျွန်မပြစ်တင် ရှုတ်ချတာမျိုး လုပ်စေချင်ပါတယ်။

ဘာကြောင့် ပြစ်တင်ရှုတ်ချမှုမလုပ် တာလဲလို့ မေးခွန်းထုတ်သူတွေလဲ ရှိပါတယ်။ ပြစ်တင်ရှုတ်ချတာဟာ ရလဒ်ကောင်းရမယ်လို့ မယုံကြည် လို့ ကျွန်မ ပြစ်တင်ရှုတ်ချတာမျိုး မလုပ်ပါဘူး။ ကျွန်မအလိုချင်ဆုံး က အမျိုးသားစည်းလုံးညီညွတ်မှု ရဖို့ပါ။ အဲဒီအတွက် ဦးစားပေး ဆောင်ရွက်မှာပါ''ဟုပြောသည်။

မြန်မာနိုင်ငံအတွင်းသို့ရောက်ရှိ ခဲ့သောအစ္စလာမ္မစ်နိုင်ငံများပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ချုပ်မှ ကိုယ် စားလှယ်များနှင့်တွေ့ဆုံရန် ငြင်း ပယ်ခဲ့မှုကြောင့် နိုင်ငံတကာမှ ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာ နိုင်ငံအတွင်းဖြစ်ပွားနေသော လူမျိုးစု ပြဿနာများအပေါ်ရပ်တည်ချက် အားမေးခွန်းထုတ်လာကြောင်း အေပီ ကဖော်ပြသည်။ ဒေါ်အောင်ဆန်းစု ကြည်သည် မြန်မာနိုင်ငံအတွင်းရှိ ဖြစ်စဉ်များကိုလူမျိုးသုဉ်းသတ်ဖြတ် မှုများဟု သတ်မှတ်ခြင်းများကိုလဲ သဘောမတူကြောင်းပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က''လူ မျိုးသုဉ်းသတ်ဖြတ်တယ်ဆိုတဲ့စကား လုံးကအလွန်ကြောက်စရာကောင်း ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ လူမျိုးရေးပြဿနာ တချို့ရှိတာကို လက်ခံပါတယ်။ပြဿနာတွေဆက်
ဖြစ်နေတာလဲ အမှန်ပါ။ နိုင်ငံ အတွင်းမှာလဲ အဲဒီဖြစ်စဉ်တွေ အတွက် စိုးရိမ်နေကြပါတယ်။ ဒီ ပြဿနာတွေအဆုံးသတ်ဖို့ ဝိုင်း ကြိုးစားနေတာလဲ အမှန်ပါ။ ဒါ ပေမယ့် ဒီပြဿနာတွေဟာ လူမျိုး သုဉ်းသတ်ဖြတ်မှု မဟုတ်ပါဘူး။ လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုတဲ့စကား လုံးက အရမ်းကြမ်းတမ်းပါတယ်။ အစွန်းရောက်သမားတွေပဲ သုံးကြ တာပါ''ဟုပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ သြ စတြေးလျခရီးစဉ်သည်ငါးရက်ကြာ မြင့်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့နှစ်ခု ကိုလက်ခံယူမည်ဟုသိရသည်။ ထို့ အပြင် ဒေါ်အောင်ဆန်းစုကြည်သည် သြစတြေးလျဝန်ကြီးချုပ်တိုနီ အက် ဘော့နှင့်တွေ့ဆုံမည်ဟု သိရသည်။

ပြည့်ဖြိုးနိုင်
The Union Daily