ကိုမင်းကိုနိုင်တို့၏ စာပေဟောပြောပွဲ အာဏာပိုင်ပိတ်ပင်၍ နေရာပြောင်းရွှေ့ခဲ့ရ

ပို့စ်တင်ချိန် - 11/03/2013 05:28:00 PM


ကိုမင်းကိုနိုင်တို့၏ ကယား(ကရင်နီ)ပြည်နယ် စာပေဟောပြောပွဲ အာဏာပိုင်များ ပိတ်ပင်ထားခဲ့၍ နေရာပြောင်းရွှေ့ပြီး ကျင်းပခဲ့ကြရသည်ဟု စာပေဟောပြောပွဲ ဦးဆောင်းကျင်းပသည့် လူငယ်အဖွဲ့မှ မင်းသူကျော်က ပြောသည်။

စာပေဟောပြောပွဲကျင်းပရန် လွိုင်ကော်မြို့ရှိ မြို့တော်ခန်းမ၌ စီစဉ်ထားခဲ့ကြပြီး ပြည်နယ်အစိုးရမှ၎င်းနေရာကို ခွင့်မပြုပဲ နေရာထိုင်ခင်း အခက်အခဲရှိသည့် အားကစားရုံတွင် ပြုလုပ်ရန်ပြောကြားခဲ့သည်။

မင်းကျော်သူက ̏ အခက်ခဲကတော့ ဒီအစိုးရက ပိတ်တယ် မြို့တော်ခန်းမကို ပထမဦးဆုံးပိတ်တယ် မြို့တော်ခန်းမ ပိတ်ပြီးတော့ အားကစားရုံပေးတယ်။ ဒါပေမယ့်အားကစားရုံမှာ စင်လည်းမရှိ စတိတ်လည်းမရှိ ဘာဆိုဘာမှမရှိနေရာကြီးကို ကျနော့်တို့ကိုပေးထားတယ်။ အဲ့တော့ကျနော်တို့ ဘာမှလုပ်လို့မရဘူး” ဟု ပြောသည်။

အားကစားရုံတွင် နေရာထိုင်ခင်းအဆင်မပြေသည့်အတွက် စာပေဟောပြောပွဲကို ကက်သလစ် ဓမ္မာရုံတွင် နောက်ဆုံးကျင်းပခဲ့ကြသည်။

၎င်းနေရာသည်လည်း သာသနာ့နယ်မြေဟုဆိုကာ ဥပဒေနှင့်ညိစွန်းကြောင်း လက်မခံနိုင်ကြောင်း အာဏာပိုင်များကို တားမြစ်ခဲ့သေးသည်ဟု သိရသည်။

ယခုကဲ့သို့ ပြည်နယ်၏ အခက်အခဲရှိနေသေးခြင်းသည် နိုင်ငံရေးစနစ်အပြောင်းအလဲတွင် မရှိသင့်တော့ကြောင်း လွိုင်ကော်မှာသာတဲ့လ ခေါင်းစဉ်ဖြင့် ဟောပြောရန် ရောက်ရှိလာသည့် ၈၈ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က ပြောသည်။

“ဒီဟာကခောတ်စနစ်လည်းပြောင်းပြီလို့ ကြွေးကြော်ပြီးခါမှ တကယ်တင့်တင့်တယ်တယ် ဖြစ်ရမယ့်မြို့လယ်မှာ ဂုဏ်ယူရမဲ့ နေရာမျိုးမှာ မဖြစ်ရဘဲနဲ့အခုလို နည်းနည်းအခက်ခဲရှိပြီးတော့ ဒီလိုနေရာမျိုးရောက်လာတဲ့ အခါကြတော့ ဒီခေတ်ရဲ့ ဒီကြွေးကြော်သံတွေ အောက်မှာ ဒါမဖြစ်သင့်ဘူးပေါ့ဗျာ״ ဟု ပြောသည်။

ကိုမင်းကိုနိုင်တို့အဖွဲ့၏ စာပေဟောပြောပွဲကို ပြီးခဲ့သည့် အောက်တိုဘာလ ၂၈ရက်နှင့် ၂၉ ရက်နေ့တွင် ကက်သလစ် ဓမ္မာရုံတွင်ကျင်းပခဲ့တာဖြစ်ပြီး ဆရာဂျေမီမှ လူငယ်နှင့်ပညာရေး ၊ ဆရာဘလော့ဂါနေဘုန်းလတ်မှ ကျနော့်ဘ၀ အတွေ့အကြုံလေးများ နှင့် ဆရာချစ်ဦးညို ၊ဆရာမောင်သာချို ၊ဆရာမ နုနုရည် (အင်းဝ) တို့မှ ပရိတ်သတ်များ စည်ကားသိုက်မြိုက်စွာဖြင့် ဟောပြောပွဲ ကျင်းပသွားကြသည်။

Written by ဆန်းဖြိုးထွန်း

ကန္တာရ၀တီတိုင်း(မ်)