သိပ်စေ့စပ်တဲ့တပည့်

ပို့စ်တင်ချိန် - 11/03/2013 12:17:00 PM


ဆရာ ။ ။ဟေ့ရောင်ငါ့ကိုအအေးတစ်ဘူးလောက်သွားဝယ်ပေးစမ်း။

တပည့် ။ ။ဘာသောက်မလဲဆရာ။

ဆရာ ။ ။ကိုလာ။

တပည့် ။ ။အေးတာယူမလား၊မအေးတာယူမလားဆရာ။

ဆရာ ။ ။အေးတာယူခဲ့။

တပည့် ။ ။သံဗူးလား၊ပလတ်စတစ်ဘူးလားဆရာ။

ဆရာ ။ ။ခွီးးးး ပလတ်စတစ်ပဲယူခဲ့။

တပည့် ။ ။1လီတာလား0.5လီတာလားဆရာ။

ဆရာ ။ ။ခွီးးးးတော်ရေတစ်ခွက်ပဲခပ်လာခဲ့။

တပည့် ။ ။ရေသန့်ဗူးထဲကလား၊ရေအိုးထဲကလားဆရာ။

ဆရာ ။ ။ကတောက်ဒီတိရစ္ဆာန်ကတော့ကွာ။

တပည့် ။ ။ခွေးလားနွားလားဟင်။

ဆရာ ။ ။အေဘေးငါ့ရှေ့ကထွက်သွားစမ်း။

တပည့် ။ ။အခုလားခဏနေရင်လားဆရာ။

ဆရာ ။ ။ငါမင်းကိုသတ်မိတော့မယ်နော်.....ဟွင်းဟွင်း။

တပည့် ။ ။ဓားနဲ့ထိုးမှာလားသေနတ်နဲ့ပစ်မှာလားဆရာ။

ဆရာ ။ ။ရှိကြီးခိုးပါတယ် ငါ့ကောင်ရယ်.. ငါ့ဟာငါပဲ သွားဝယ်တော့ပါမယ် အဟင့်ဟင့် ..

Credit - Original Writer