ငါးဖမ်းစက်လှေခေါင်မိုးပေါ်မှလူတစ်ဦးပြုတ်ကျသေဆုံး

ပို့စ်တင်ချိန် - 11/16/2013 05:52:00 PM


ရန်ကုန်၊ နိုဝင်ဘာ ၁၆

၁၆.၁၁.၂၀၁၃ရက်နေ့ ၀၈၃၀အချိန်ခန့်တွင် ကြည့်မြင်တိုင်မြို့နယ်၊ စံပြငါးဈေးအနီး လှိုင်မြစ်ရေလယ်တွင် ကျောက်ချရပ်နားထားသော အရှေ့တိုင်းပုလဲနှင့် ငါးကုမ္ပဏီပိုင် “မြမျိုးလွင်” ငါးဖမ်းစက်လှေ
ခေါင်မိုးပေါ်သို့ တက်ရောက်ပြီးသန့်ရှင်းရေးပြုလုပ်သူ ဦးဝင်းအောင် (ဘ)ဦးသံမဲ(ပဲ့နင်း) သရက်ချောင်းမြို့နယ်၊ တနင်္သာရီတိုင်း
ဒေသကြီးနေသူသည် သန့်ရှင်းရေးပြုလုပ်နေစဉ် အမြင့်(၂၀)ခန့်ရှိခေါင်မိုးပေါ်မှကုန်းပတ်ပေါ်သို့ ပြုတ်ကျခဲ့သဖြင့်
နှာခေါင်းသွေးထွက်ဒဏ်ရာရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးသို့ ပို့အပ်ကုသခဲ့ရာ ၁၁၂၀အချိန်တွင် သေဆုံးသွားသဖြင့် ဆိပ်ကမ်းမြို့မရဲစခန်း
သေမှုသေခင်းအမှတ်စဉ် (၄၄/၂၀၁၃)ဖြင့် ရေးဖွင့်စုံစမ်းလျက်ရှိကြောင်း
သတင်းရရှိပါသည်။
Yangon Police