ဖွံ့ဖြိုးတိုးတက်မှုကို ခြိမ်းခြောက်နေသော အန္တရာယ်

ပို့စ်တင်ချိန် - 11/02/2013 05:05:00 PM


အောက်တိုဘာ ၃၁ရက်က ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ် တော် အစည်း အဝေးတွင် လက်ရှိနေပြည်တော်နယ်မြေ စီမံကိန်းများ၊ ဘဏ္ဍာရေး အသုံးစရိတ်များနှင့် ဝန်ကြီး ဌာနများ၏ အသုံးစရိတ် များ ပြန်လည်သုံးသပ်သင့် ကြောင်း ဆွေးနွေးခဲ့သည်ကို တွေ့ရသည်။

ယင်းဆွေးနွေးချက်များထဲတွင် နေပြည်တော် ကောင်စီနယ်မြေ ရေပေးဝေရေးအတွက် ကျပ်သိန်း ၁၃၀၀၀ ကျော် သုံးစွဲရန်အပါအဝင် သမဝါယမဝန်ကြီး ဌာနက ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် သွားလာစရိတ် (စက်သုံးဆီစရိတ်)ကျပ်ကိုးသန်းတောင်း ခံမှုနှင့် မန္တလေးအခြေခံပညာ ဦးစီးဌာနမှ ဧည့်ခံကျွေး မွေးစရိတ် ကျပ်သိန်း ၅၀၀ သုံးစွဲမှုတို့ ပါဝင်သည်ကို တွေ့ရသည်။

ယင်းနှင့်ပတ်သက်သည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက တင်ပြဆွေးနွေးခဲ့ရာတွင် နေပြည်တော်ကောင်စီနယ်မြေတစ်ခုတည်းတွင် ရေပေးဝေမှု နှင့် လမ်းလုပ်ငန်းများအတွက် သုံးစွဲရန် ဘဏ္ဍာငွေထပ် မံ တောင်း ခံထားရာ ပြည်ထောင်စုနယ်မြေတစ်ခုတည်း တွင် နိုင်ငံတကာအဆင့် တိုးတက်နေပြီး ကျန်နေရာများ က ဒုံရင်းအတိုင်း ဖြစ်နေမည်ဆိုပါက နိုင်ငံတိုးတက်မှု အပေါ် မေးခွန်းထုတ်ထားပြီး ထိုသို့သုံးစွဲရန် သင့် မသင့် ပြည်ထောင်စုလွှတ်တော်သို့ ဘတ်ဂျက်ဖြတ်တောက် ရန် တင်ပြဆွေးနွေး ထားသည်ကို တွေ့ရသည်။

ယင်း အပြင် အစိုးရအဖွဲ့ ထိပ်ပိုင်းအရာရှိများသည် ယခင် အစိုးရလက် ထက်က အကျင့်အတိုင်းပင် ခရီးစဉ်ယာဉ် တန်းဖြင့် တသီတတန်းကြီး သွားလာနေမှုအပေါ် မေး ခွန်းထုတ်ထားသည်ကို တွေ့ရသည်။

ဆိုရလျှင် ကျေးလက်ဒေသဖွံ့ဖြိုးရေးအပါအဝင် အစိုးရ၏ မူဝါဒများသည် အပြောနှင့်အလုပ် တခြားစီ ဖြစ်နေသည်ကို ထိုဆွေးနွေးချက်များ က ဖော်ပြနေ သည် ကို တွေ့မြင်နိုင်သည်။ ထို့အပြင် ယခုကဲ့သို့ အစိုးရဝန် ကြီးဌာနများ ၏ ပြုမူကျင့်ကြံနေမှုသည် အစိုးရအဖွဲ့ တစ်ခု၏ မူဘောင်နှင့် မတူညီဘဲ သာမန်အင်န်ဂျီအို အချို့၊ အိုင်အင်န်ဂျီအိုအချို့ ပုံစံမျိုးပေါက်နေ သည်ကို တွေ့နိုင်ပေသည်။ အင်န်ဂျီအိုအချို့နှင့် အိုင်အင်န်ဂျီ အိုအချို့တို့ သည် စီမံကိန်းများကို ဖော်ဆောင်ရာတွင် ရရှိတောင်းခံလာသည့် ဘတ်ဂျက် များကို ခွဲဝေအသုံး ပြုရာ၌ ရာခိုင်နှုန်း ၇၀ သည် ဝန်ထမ်းစရိတ်၊ စား သောက် စရိတ်များတွင် အသုံးပြုပြီး ထိုမှကျန်သည့် ရာ ခိုင်နှုန်း ၃ဝကိုသာ စီမံကိန်းများတွင် အသုံးပြုသည်ဟူ သော ဝေဖန်ချက်မျိုးရှိဖူးပါသည်။

ကမ္ဘာကျော်အလှူ ရှင်ကြီးတစ်ဦးဖြစ်သည့် ဘီလ်ဂိတ်၏ အင်န်ဂျီအိုတစ်ခု သို့ လှူလိုက်သော အလှူငွေအချို့သည် ထိုသို့သော စာရင်းဇယားမပြနိုင်သည့် အနေအထားမှာပင် ပျောက် ချင်းမလှ ပျောက်သွားခဲ့သည့်သာဓက ရှိခဲ့ဖူးပါသည်။

ယခုအခါတွင်လည်း မြန်မာနိုင်ငံ၏ အစိုးရအဖွဲ့ ဝန်ကြီးဌာနအချို့၏ ရန်ပုံငွေတောင်းခံမှု၊ သုံးစွဲမှုနှင့် အလေအလွင့်ပြဿနာများကို မည်သို့ ထိန်းကျောင်း စိစစ်မည်လဲဟူသော ပြဿနာ သည် မြန်မာနိုင်ငံ ၏ ပြု ပြင်ပြောင်းလဲမှုကာလအတွင်း နိုင်ငံဖွံ့ဖြိုးရေးတွင် အဓိက ခြိမ်းခြောက်နေသော အန္တရာယ်တစ်ခုဖြစ်နေသည် ကို ပြည်ထောင်စု လွှတ်တော် ဆွေးနွေးချက်များက ဖော် ပြနေပါကြောင်း။

အယ်ဒီတာ

နိုဝင်ဘာ ၁၊ ၂၀၁၃
Yangon Media Group