တရားမျှတမှု့မရှိသော တရားသူကြီး ဦးအောင်မင်း

ပို့စ်တင်ချိန် - 11/22/2013 10:20:00 AM


မန္တလေးတိုင်း ဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ တွင်းရွာအုပ်စု၊ လျှော်ဖြူကုန်းကျေးရွာနေ ဦးဇော်မင်းဦး သားဖြစ်သူ ရမည်းသင်းမြို့နည်းပညာတက္ကသိုလ် ကျောင်းသား မောင်စိုင်းဇော်ဝင့်အောင် သည် (၆-ရ-၂၀၁၃)နေ့တွင် မန်းလေး သို့ ဆိုင်ကယ်ဖြင့် စီးနင်းသွားစဉ် ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ လမ်းခွကျေးရွာအနီး ရှေ့မှမောင်းနင်လာသော mark II .ယာဉ်မှ ရုတ်တရက် ရပ်တန့်လိုက်သည့်အတွက် ဆိုင်ကယ်ငြိမိပြီး လွင့်စဉ်သွားစဉ် ဆိုင်ကယ်ကို ယာဉ်မောင်း မောင်ကျော်ဦး မောင်းနှင်လာသောယာဉ်အမှတ် (၈ခ/၆၆၇၅)  ကုန်တင်ယာဉ် ၁၂ဘီး ကားမှ ထိပ်တိုက်ဝင်ရောက်တိုက်မှုဖြစ်ပွားရာ ယင်း ယာဉ်တိုက်မှု့ကို မြစ်သားမြို့နယ် ဒုတိယ မြို့နယ်တရားသူကြီး ဦးအောင်မင်း မှ ယာဉ်ကြီးမောင်းသူ ဦးကျော်ဦး နှင့်အတူ အတိုက်ခံရသော မောင်စိုင်းဇော်ဝင့်အောင် ပါ့ပြစ်မှု ဥပဒေပုဒ်မ (၃၃၇-၃၃၈)အရ ထောင်ဒဏ် ၃ လစိကျခံရန်ချမှတ်ခြင်းခံရပါသည်

မောင်စိုင်းဇော်ဝင့်အောင် မှာခြေထောက်ခွဲစိတ်ပြီး စတီးချောင်းထည့်ခြင်း၊ မေးရိုးခွဲစိတ်ခြင်း၊ မျက်စီ ထိခိုက်ခြင်းကြောင့် မျက်စိဆေးရုံတွင် ကုသခြင်းတို့ဖြင့် ဆေးရုံသုံးရုံတွင် ၁ လခန့်တက်ရောက်ကုသ ခဲ့ရပါသည်။

ဆေးရုံမှဆင်းပြီးဂျိုင်းထောက်ဖြင့် မြစ်သားတရားရုံးသို့ (21-9-2013 နေ့တွင်အမှုရင်ဆိုင်ခဲ့ရသည်။ မြစ်သားတရားရုံးမှ လေးကြိမ်မြောက်ရုံးချိန်း (၄-၁၀-၂၀၁၃) နေ့တွင် သက်သေ ၂ ယောက်ကျန်နေသည်ကို ဆက်လက်မစစ်ဆေးပဲ ဒုတိယ မြို့နယ်တရားသူကြီး ဦးအောင်မင်း မှ စီရင် ချက်ချခဲ့ခြင်းဖြစ်ပါသည်။

၎င်းစီရင်ချက်ကြောင့် နည်းပညာကျောင်းသားမောင်စိုင်းဇော်ဝင့်အောင်သည် ဒီဇင်ဘာ ၂ ရက်နေ့တွင် ကျောင်းပြန်ဖွင့်လာချိန် ပြန်လည်မတတ်ရောက်နိုင်တော့ဘဲ ခြေကျိုးဘ၀ ဖြင့်ထောင်ထဲတွင် အပြစ်ကျခံရမည် ဖြစ်သောကျောင်း အလွန်နစ်နာခြင်း၊ အနာဂတ် တိုင်းပြည်အကျိုးပြု ကျောင်းသားတစ်ယောက်ဘ၀ အညွှန့်ချိုးပစ်သလို ဖြစ်နေခြင်း၊ယခု ကဲ့သို့ ဘက်လိုက်တရားမျှတမှု့မရှိသော ဆုံးဖြတ်ချက်သည် ဒီမိုကရေစိနိုင်ငံတော်ဧ။် တရားစီရင်ရေး ယိမ်းယိုင်မှုကို ဖြစ်စေခြင်း၊ လက်ရှိအစိုးရဧ။် အဓီက ရည်မှန်းချက်ဖြစ်သော ကောင်းမွန်သောအစိုးရ သန့်ရှင်းသော အစိုးရ ဖြစ်မြောက်ရေးရည်မှန်းချက် ကိုပြည်သူ များအယုံအကြည်ကိုလဲ ပျက်ပြားစေပါသည်။

ဦးဇော်မင်းဦး
by သစ်ထူးလွင်