မှော်ဘီမြို့နယ်၊ ရဲဘော်ဈေးရှေ့တွင် ယာဉ်တိုက်မှုဖြစ်၍ အမျိုးသားတစ်ဦးသေဆုံး

ပို့စ်တင်ချိန် - 11/20/2013 05:44:00 PM


ရန်ကုန်၊ နိုဝင်ဘာ ၂၀

၂၀.၁၁.၂၀၁၃ရက်နေ့ ၀၈၅၀အချိန်ထောက်ကြန့်ဘက်မှမှော်ဘီဘက်သို့ ယာဉ်မောင်း သန်းတင့်(စုံစမ်းဆဲ)၊ ကျွန်းကလေးကျေးရွာ၊ လက်ပံတန်း
မြို့နယ်နေသူ မောင်းနှင်လာသည့် ဘ/၂၁၅၄၊ ဟိုင်းလတ်အဖြူရောင် အငှားယာဉ်သည် မှော်ဘီမြို့နယ်၊ ဆပ်သွားတောကျေးရွာအုပ်စု၊ ရဲဘော်ဈေးရှေ့၊ ရန်ကုန်-ပြည်လမ်း၊ မိုင်တိုင်အမှတ်(၂၅/၄)အနီးတွင် ၄င်း၏ရှေ့မှ စက်ဘီးစီးနင်း နေသူ ဦးဘို(ဘ)ဦးကံညွန့်၊ ကြက်ဖြူကန်
ကျေးရွာ၊ ရှမ်းပိုင်းရပ်၊ မှော်ဘီမြို့နယ်နေသူအား နောက်မှတိုက်မိသဖြင့် စက်ဘီစီးနင်းသူ ဦးဘိုတွင် ဦးခေါင်းနောက်စေ့ဖူးယောင်ဒဏ်ရာ၊ ၀ဲဂျိုစောင်းပေါက်ပြဲဒဏ်ရာများရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့စဉ် သေဆုံးသွားခဲ့ပါသည်။

အခင်းဖြစ်ရာ၌ ယာဉ်ကိုထား၍ထွက်ပြေးသွားခဲ့သဖြင့် ယာဉ်မောင်း သန်းတင့်အား မှော်ဘီမြို့မ ရဲစခန်းယာဉ်(ပ)၇၁/၂၀၁၃၊
ပြစ်မှုပုဒ်မ ၃၀၄-က/၂၀၂ဖြင့် အမှုဖွင့်ထားရှိပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police