လက်ဗွေစကားဝှက်များက သမားရိုးကျစကားဝှက်များကို မှေးမှိန်သွားစေနိုင်

ပို့စ်တင်ချိန် - 11/16/2013 02:34:00 PM


ကွန်ပျူတာနှင့် နည်းပညာပစ္စည်းများ အပါအ၀င် အခြားသော အီလက်ထရွန်းနစ် ထုတ်ကုန်အများအပြား တွင် သုံးစွဲရလျက်ရှိသော သမားရိုးကျစကားဝှက် (password) များသည် မကြာမီအချိန်တွင်ပင် ကမ္ဘာ လောကမှ ပျောက်ကွယ်သွားတော့မည်ဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့ရသည်ဟု သတင်းရရှိပါသည်။

၎င်းသမားရိုးကျစကားဝှက်များ၏နေရာကို သုံးစွဲသူ၏လက်ဗွေကို မှတ်သားထားရှိမည့် စကားဝှက်များက အစားထိုး ၀င်ရောက်လာမည်ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်လျက်ရှိပါသည်။ အထူးသဖြင့် ယခု လများအတွင်း ထွက်ရှိသွားခဲ့သော apple အိုင်ဖုန်းတွင် လက်ဗွေနှိပ်ကာ စကားဝှက်သည့်စနစ်ကိုHome Button တွင် စတင်သုံးစွဲခဲ့သည်ဖြစ်ရာ အဆိုပါ Touch ID Feature ကို အမေရိကနှင့် ကမ္ဘာတစ်လွှားရှိ အိုင်ဖုန်းပရိသတ်များစွာတို့က စတင်သုံးစွဲနေကြပြီဖြစ်သည်။ ၎င်းတွင် လုံခြုံရေးမြင့်မားခြင်းနှင့်အတူ မို ဘိုင်းဖုန်းအတွင်း၌ရှိသော အချက်အလက်များကို အခြားမလိုအပ်သူများ ကြည့်ရှုခွင့်မရရှိစေရန် လုပ် ဆောင်ထားရှိသည့်စနစ်အပြင် သုံးစွဲသူ နှိပ်ယူလိုက်သောစနစ်သည် ပြိုင်ဘက်များကပင် အကြိုက်တွေ့ ကြောင်း သိရသည်။ လုံခြုံရေးနှင့်ပတ်သက်ပြီး Apple မှ တာဝန်ရှိသူတစ်ဦးက Iphone 5S တွင် ထည့် သွင်းထားသော Laser cut sapphire crystal နှင့် အလွှာချပ်များ စီရရီထည့်သွင်းထားသည့် Touch ID စနစ်ကို သေချာစွာ ရှင်းလင်းပြသခဲ့သည်။

သို့သော် ၎င်း Touch ID Featureသည် Pin Code စနစ် ဖြစ်မလာသေးဘဲ ပုံရိပ်ကိုမှတ်သားသည့်စနစ် ဖြစ်နေပေသေးရာ မသမာသူတစ်ယောက်မှ လက်ဗွေကို တစ်စုံတစ်ခုအကြောင်းဖြင့် ရရှိသွားခဲ့သည်ရှိပါ က အလွယ်တကူပင် ၀င်ရောက် ချိုးဖောက်သွားနိုင်ဦးမည်ဖြစ်ကြောင်း လုံခြုံရေး ကျွမ်းကျင်သူများက လေ့လာတွေ့ရှိခဲ့ရသည်။ ထို့ပြင် သုံးစွဲသူများ နှိပ်ယူသွားခဲ့သော လက်ဗွေများကိုလည်း iCloud စနစ်ဖြင့် သိမ်းဆည်းထားရာ ဟက်ကာများ၏အန္တရာယ်မှ လုံးလုံးလျားလျား ကင်းလွတ်သည်ဟု မဆိုနိုင်ကြောင်း သိရသည်။ သမားရိုးကျ စကားဝှက်များကို ဖော်ထုတ်နိုင်သည့် ဆော့ဖ်ဝဲများနှင့် ပရိုဂရမ်များ၊ ပေါ်ပေါက်လာသည့်နည်းတူ သာမန်စကားဝှက်များသည် လုံခြုံမှုအပြည့်အ၀ကို ပေးအပ်နိုင်စွမ်းလျော့ကျလာသည့် အတွက် ၂၀၁၅ နောက်ပိုင်းတွင် ထုတ်လုပ်မည့် ထုတ်ကုန်အများအပြားတွင် Touch ID Feature နှင့်အတူ ပိုမိုဆန်းပြား တင်းကျပ်သည့် စကားဝှက်များ ပေါ်ပေါက်လာနိုင်ဖွယ်ရာ ရှိသည်။

မဇ္ဈိမသတင်းဌာန