ဘင်္ဂလားပင်လယ်အော်ထဲမှာရော၊ တောင်တရုတ်ပင်လယ်ထဲ မှာရော အပူပိုင်းမုန်တိုင်း တစ်လုံးစီဖြစ်နေပါတယ်

ပို့စ်တင်ချိန် - 11/16/2013 07:07:00 AM

ဆရာ ဒေါက်တာထွန်းလွင်ပြောပြတဲ့ မုန်တိုင်းအခြေအနေပါ။ အခုလို ပြောပြပေးတဲ့ ဆရာ့ကို အထူးကျေးဇူးတင်ပါတယ်။

အနောက်ဖက်က မုန်တိုင်းရန်ဘေးကတော့ အေးနိုင်ပါတယ်။
အရှေ့ဖက်က ရန်ဘေးကိုသာ စောင့်ကြည့်ရပါဦးမယ်။
Weather News Update
14112013
7:25 am

လောလောဆယ်မှာ ဘင်္ဂလားပင်လယ်အော်ထဲမှာရော၊ တောင်တရုတ်ပင်လယ်ထဲ မှာရော အပူပိုင်းမုန်တိုင်း တစ်လုံးစီဖြစ်နေပါတယ်။ နှစ်ခုစလုံးက မြန်မာနိုင်ငံနဲ့ ပတ်သက်လာနှိုင်လို့ အချိန်နဲ့ မပြတ်စောင့်ကြည့်နေရပါတယ်။ ဒါကလည်း ဒီအချိန် သူတို့ ဒါမှမဟုတ် သူတို့ရဲ့ ပယောဂတွေ (Disturbances)ရောက်လာ လို့ မြန်မာနိုင်ငံမှာ မိုးတွေရွာခဲ့ရင် "ဖျက်မိုး" တွေဖြစ်လာမှာ စိုးရိမ်ရလို့ဖြစ်ပါတယ်။

ဒီကနေ့မနက်တော့ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာ ဖြစ်နေတဲ့ အပူပိုင်းမုန်တိုင်းဟာ မြန်မာနိုင်ငံနဲ့ဝေးရာ သီရိလင်္ကာနိုင်ငံဖက်ကို Back Gear ထိုးပြီး ရွေ့တော့မယ်လို့ ခန့်မှန်းရပါတယ်။ ဒါဟာ သမရိုးကျ သွားလမ်းတော့ မဟုတ်ပါဘူး။ ဘာဘဲပြောပြော ကျွန်တော်တို့အတွက်တော့ သတင်းကောင်းပါဘဲ။

အဲ အရှေ့ဖက်က ဆရာကတော့ အင်အားက တက်လိုက်ကျလိုက် နဲ့ မောင်သက်ပြင်းလေး လုပ်နေပါတယ်။ အနောက်ဖက်ကို ဘဲ ရွေ့လာမယ်လို့ မှန်းရတာကြောင့် သူ့အရှိန်နဲ့ နိုဝင်ဘာလ(၁၅-၁၇) အတွင်း မြန်မာနိုင်ငံအောက် ပိုင်းဒေသတွေမှာ အချိန်အခါမဟုတ် မိုးတွေ ရွာနှိုင်တယ်လို့ ခန့်မှန်းရကြောင်းပါ။

ဒေါက်တာထွန်းလွင်
Popular Journal