နိပွန်..ဘိရုမာ..ဘန်ဇိုင်း

ပို့စ်တင်ချိန် - 11/09/2013 09:24:00 AM


တစ်နေ့မနက် စောစောပိုင်းမှာ မတွေ့တာကြာပြီဖြစ်သည့် အစ်မကြီး တင့်နှင်းထက်၏ ဖုန်းဆက်လာချက်အရ ကျွန်ုပ်၏ လုပ်လက်စ အလုပ်များကို ရောက်သည့်နေရာမှာ လက်စသတ်ကာ ရန်ကုန်မြို့တော် စမ်းချောင်းအရပ်နေ အိမ်အနီး ပဒုမ္မာလမ်းရှိ ချစ်တီးစား သောက်ဆိုင် ရွှေမြို့တော်သို့ ကြွချီတော် မူခဲ့ရပါပေတော့၏။အစ်မကြီး တင့်နှင်း ထက်မှာ ယခု အခါ ယခင်ကထက် ပွင့်လင်းမြင်သာ လာပြီဖြစ်သည့် ကမ္ဘာလှည့်ခရီးသွားဝန် ဆောင်မှု လုပ်ငန်းဆောင်တာအတွင်းမှာ ထဲထဲဝင်ဝင် ပါ ဝင်ဆောင် ရွက်နေ သူဖြစ် ကာ နိုင်ငံတကာခရီးသွားများ အတွက် ထက်ထက်သန်သန် ဝန်ဆောင်မှုပေးနေ သူတစ်ဦးဖြစ်ပါ ၏။ နိုင်ငံတကာနှင့် ပြည် တွင်းအနှံ့ဒေ သပေါင်းစုံသို့ ခြေ စကြာ ဖြန့်နေရခြင်းများမှ တစ်ခါတစ် ရံ အနားရသည့်အခါ ‘စာဆောင်းပါး’ တွေလည်းရေးနေသူဖြစ်ကာ ယခုကျွန်ုပ် ထံသို့ဆက်သွယ်လာ သည်မှာလည်း နိုင် ငံတကာနှင့် ပတ်သက်ဆက်နွှယ်နေရာ ကိစ္စရပ်တစ်ခုအတွက်သာ ဖြစ်ကြောင်း သိရပါပေ၏။
ကျွန်ုပ် ‘ရွှေမြို့တော်’စားသောက် ဆိုင်သို့ ရောက်ရှိသည့်အခါ ‘ပါရမီ’လမ်း မှလာရောက်သည့်အစ်မတို့မှာ မရောက် ရှိသေးပါ။ သည့်နောက် အစ်မတို့၏ မော်တော်ယာဉ် ပဒုမ္မာလမ်းသို့ ဆိုက် ရောက်လာသည့်အခါ ရှေးဦးစွာ ရှေ့ခေါင်း ခန်းမှအစ်မဆင်းသက်လာပြီး အနောက် ခန်းမှ ပုဂ္ဂိုလ်တစ်ဦး ဆင်းသက်လာတာ တွေ့ရပါပေ၏။
”မင်္ဂလာပါဆာသော်ဒိုးရေ။ ဟော ဒါက မစ္စတာ တကေရှိကူဒိုတဲ့”
”မင်္ဂလာပါခင်ဗျာ ချွန်ဒေါ် တကေရှိကူ ဒိုပါ… တွေ့ရတာ ဝမ်းသာပါတယ်”
”မင်္ဂလာပါ တကေရှိကူဒို။ တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်ုပ် ဆာသော်ဒိုးပါ” ”အခုလို အချိန်ပေး လာရောက်တဲ့အ တွက် ကျေးဇူးတင်ပါတယ်။ အာရိဂတ် တော”။
”တွေ့ရဆုံရတာ ဝမ်းမြောက်ပါ တယ်ခင်ဗျာ.. ဆိုင်ထဲကို ကြွပါ။”
အကြောင်းရင်း ကိစ္စကား အခြား မဟုတ်ပါ။ ‘ကာတွန်း’နှင့် ပတ်သက်၍ ကျွန်ုပ်ကို လာရောက်တွေ့ဆုံခြင်းသာ ဖြစ်ပါပေ၏။ မိတ်ဆွေကြီး တကေရှိကူ ဒိုမှာဂျပန်နိုင်ငံ တိုကျို မှာနေလိုက်၊ တရုတ် ပြည်မှာ နေလိုက်ဖြစ်ကာ Animation Movie Game Art  လုပ်ငန်းတစ်ခုမှ ပရိုဂျူဆာတစ်ဦး ဖြစ်ပါပေ၏။ယနေ့ မျက်မှောက်ခေတ် ကမ္ဘာ၏ စိတ်ဝင် စား ပျော်ရွှင်ဖွယ်ရာ ဂိမ်းမဟာ များနှင့် ခရီးဆောင် မိုဘိုင်းဖုန်းတို့အထဲ တွင် အပျင်းပြေကစားစရာဂိမ်းတွေကို ကျွန်ုပ်တို့ နိုင်ငံအတွင်းမှာ ဖန်တီးဖော် ဆောင်ရေးဆွဲဖို့ရာ လာရောက်ကွင်း ဆင်းလေ့လာ စနည်းနာခြင်း ဖြစ်ရာ ကျွန်ုပ်ထံမှလည်း သိလိုသမျှ အဝဝကို မေးမြန်းဖို့ရာ ဖြစ်ပါပေ၏ခင်ဗျာ။
လက်ရှိ ကျွန်ုပ်တို့ မြန်မာနိုင်ငံမှာ ‘ကာတွန်း’မဂ္ဂဇင်း သီးသန့် ရှိ၊ မရှိ၊ နိုင်ငံသားတွေ ‘ရုပ်ပြကာတွန်း’ ဖတ်ရှုမှုနှုန်း တိုးတက်မှု ဆုတ်ယုတ်မှု၊ ရပ်ကွက်များ အတွင်း ကွန်ပျူတာ ဂိမ်းစင်တာများ၏ အခြေအနေ၊ မိုဘိုင်းဖုန်းအတွင်း ဂိမ်း ဆော့ကစားခြင်း ရာခိုင်နှုန်း၊ စသည်ဖြင့် စသည်ဖြင့် သိလိုသမျှမေးမြန်းကာ ကျွန်ုပ် လက်လှမ်းမီသိရှိဖြေဆိုသမျှကို
လည်း သူ၏မှတ်စုစာအုပ်ထဲမှာသေသေ ချာချာကို လိုက်လံရေးမှတ်နေပါပေ၏။ကျွန်ုပ်မှာ ‘ပရင့်မီဒီယာ’များတွင် သာရေးဆွဲသည့်ဘက်ကို ပိုပြီးအားသန် ကာ အနှီလှုပ်ရှား မှုအရုပ် Animation  အလုပ်များဘက်မှာ အချို့လုပ်ငန်းများကို အနည်းငယ်လောက်သာ ကူညီရေးဆွဲ ပေးဖြစ်ခဲ့ပါကြောင်း ပြောပြထားပြီး ဖြစ် ပါ၏။ ထိုစဉ်အခါများက ‘မည်သို့မည်ပုံ’ ရေးဆွဲခဲ့ကြ၊ ရိုက်ကူးခဲ့ကြရပုံများကို လည်း သူက သေသေချာချာမေးကာ သေသေချာချာကို ရေးမှတ်နေတာ တွေ့ရပါပေ၏။ အကြောင်းတိုက်ဆိုင် လာသည့်အတွက် လွန်ခဲ့သည့် သုံးနှစ် လောက်ဆီက မြန်မာနိုင်ငံအတွင်း အိုင် တီပညာရှင်လူငယ်များ ဖန်တီးနေသည့် မိုဘိုင်းဖုန်းတွင်း ဂိမ်းတစ်ခုအတွက် လိုအပ်သည့် ပုံတွေရေးဖို့ ပြောဆိုပြီး နောက်ပိုင်း သူတို့ဘက်မှ ဆက်လက်အပြီးမသတ် ဖြစ်ခဲ့ဖူးသည့် ကိစ္စကိုပါ သူရေးမှတ်ယူနေပါပေ၏။
ကျွန်ုပ်အနေနှင့်မူ ကျွန်ုပ်အပေါ်ယံသိသလောက်သာ ပြောပြဖြစ်ခဲ့ပြီး သကာလ မြန်မာနိုင်ငံရှိ Animation  လုပ်ငန်းဖော်ဆောင်မှုများထဲမှာ ထဲထဲ ဝင်ဝင် ပါဝင်ဆောင်ရွက် ခဲ့သည့် သူများ ထံ ဆက်သွယ်သွားရောက်ဖို့ရန် ကျွန်ုပ် လက်လှမ်းမီသမျှ လိပ်စာအဝဝကိုလည်း တကေရှိကူဒိုအား ပေးကာ လမ်းညွှန် လိုက်ပါ၏။
”တကယ်လုပ်နေတဲ့ အဲဒီ Animation  တွေဆီကိုသာရောက်အောင်သွားလိုက်ပါ”။ ”ဆာသော်ဒိုးစံက Animation  မဟုတ်ဘူးဆိုပေမယ့် ဆာသော် ဒိုးစံရဲ့ ‘အရုပ်’တွေကို ‘လှုပ်’ ပေးလိုက် ရင် အတော့်ကို ကောင်းမှာခင်ဗျ”
ဆိုင်အတွင်းမှာ ၄၅ မိနစ်ခန့်အ ကြာ အမေးအဖြေ လုပ်ပြီးသကာလ ကျွန်ုပ်ကလည်း သူ့ကို မေးချင်ရာရာများ ရှိရာ အနှီကာတွန်းဂိမ်းဘာညာနှင့်မ ဆိုင်ရာနိုင်ငံတ ကာ အခြေအနေ အထွေ ထွေကို မေးဖြစ်မြန်းဖြစ်ခဲ့ပေရာ သူက လည်း တစ်ခါတစ်ခါ ချက်ချင်း တစ်ခါ တစ်ခါ စဉ်းစားတွေးတော ချင့်ချိန်ကာ ဖြေပေးခဲ့ ပါပေ၏။
”အင်း…ဂျပန်ကနေ ဒီမြန်မာ ပြည်ကို လာရတာ အရင်တုန်းကနဲ့ မတူ ဘူး…လုံးဝကို အဆင်ပြေပါတယ်။ လွတ်လွတ်လပ်လပ်ပါပဲ ဆာသော်ဒိုးစံ”
”အဲ…ဂျပန်ကနေ ဒီကို လာရ တာတော့ အဆင်ပြေလိမ့်မယ်။ ဒီရန် ကုန်ကို ရောက်မှ အဆင်မပြေ ဖြစ်တယ် မဟုတ်လား”
”ပြေပါတယ် … ပြေပါတယ်။ ဆာသော်ဒိုးစံ..ဘာမှ ပြဿနာမှ မရှိ ပါဘူး။ ဘာဖြစ်လို့လဲ”
”ဘာဖြစ်လို့ ရမလဲ …အခုပဲ ပါရမီလမ်းကနေ ဒီစမ်းချောင်းကိုလာ တာ ယာဉ်ကြောပိတ်ဆို့မှုတွေနဲ့ တိုးနေ ပြီး ရောက်ချိန်ထက် နောက်ကျမှ ရောက်လာလို့ပါ”
”ဟားဟား…ဟားဟား…ဟားဟား..အဲဒါတော့ ဟုတ်တယ်.. ဟုတ်တယ်”
ဒီတစ်ခေါက်သူ့မှာ အချိန်သိပ်မရ တော့ဘဲ သန်ဘက်ခါ ပြန်ရမည်ဖြစ်ရာ သူရသမျှ အချိန်အတွင်းမှာ ချင်းချောင်း နန်းတော်၊ ပန်းချီ၊ ပန်းပုကျောင်းနှင့် ယဉ်ကျေးမှု တက္က သိုလ်တို့ကို သွားချင် သည်ဖြစ်ရာ သူ့မှာ ပါလာသည့် ရန်ကုန် မြေပုံကို ထောက်ကာ ထောက်ကာ လမ်းညွှန်ပေးလိုက်ရပါ၏။    ဆိုင်မှ ထသည့်အခါ ရုတ်တရက် ကျွန်ုပ်အိမ် သို့ လိုက်လည်ချင်ကြောင်း ပြောပါ၏။ ကျွန်ုပ်က ဒီဆိုင်နှင့် ကျွန်ုပ် အိမ်မှာ မဝေးကွာလှဘဲ လိုက်လည်လို က လည်နိုင်ပါသော်ငြား ဒီကနေ့မှ တိုက်တိုက် ဆိုင်ဆိုင် မီးပျ က်နေကာ နေအိမ်မှာလည်း အထပ်မြင့်ဖြစ်ပြီး ပင်ပန်းမည်ကို စိုးရိမ်သည်ဟု ပြောလေ ရာ..ကိုရွှေဂျပန် ညီတော်မောင်မှာ ”ကိစ္စမရှိပါဘူး။ လိုက်ပြီး လည်ပါ ရစေ”ဟု ပြော ကာ ပုံရေးတဲ့နေရာတွေ၊ ကွန်ပျူ တာ သုံးတဲ့နေရာတွေ အရှေ့အနောက် ဝရန်တာတွေကို လှည့်လည်ကြည့်ရှုကာ သူ့အားပေးလို့ရသမျှ ပေးဖို့ရာ ကျွန်ုပ်၏ လက်ရာပါသည့် မဂ္ဂဇင်းစာစောင်တို့ကို တောင်းဆိုလေရာ ကျွန်ုပ်စုဆောင်းပေး လိုက်ပါပေ၏။
ကျွန်ုပ်ပေးသည့် ဂျာနယ်၊ မဂ္ဂဇင်း သတင်းစာများကို ကြည့်ရှုနေသည့်အခါ ကျွန်ုပ်က ”သယ်နိုင်လျှင် သယ်သွားပါ .. မသယ်နိုင်တာ ထားခဲ့ပါ”ဟု ဆို လေရာ ‘အကုန်လုံး သယ်ယူသွားမယ်’ ဟု ပြောပါပေ၏။ ဟိုဘက်နှစ်တွေဆီက အိမ်သို့ မျက်စိလည်ကာ ရောက်ရှိလာခဲ့ သည့် နိုင်ငံခြားသားအချို့မှာ ‘နမူနာ’ တစ်စောင်တလေလောက်သာ အနည်း ငယ် သယ်ယူသွားတတ်၍ သူ့အား ဤ စကားပြောရခြင်းဖြစ်ကြောင်း ရှင်းပြ လေရာ တကေရှိကူဒိုကတော့ ‘အကုန် လုံး သယ်ချသွားမယ်’ဟုဆိုကာ သူ့အိတ် ထဲ ထည့်နေပါလေ၏။
”ကျွန်ုပ်၏ ဧည့်ခန်းထဲမှာ ကျွန်ုပ် ၏ သမီးတော် တီးခတ်သည့် မြန်မာ့ စောင်းကောက် တစ်လက်ရှိနေပေရာ သူပိုက်ပြီး စမ်းသပ်တို့ထိပြီးသကာလ ကျွန်ုပ်နှင့် နှစ်ယောက် အတူဓာတ်ပုံရိုက် ရန် သူ့ဖုန်းအား အစ်မတင့်နှင်းထက်ကို ပေးလိုက်ပါ၏။ စောင်းသမား ဂျပန်နှင့် မြန်မာဆာမူရိုင်းဆာသော်ဒိုးစံတို့ ဓာတ် ပုံရိုက်စဉ် ကျွန်ုပ်လည်း စိတ်ထဲ ဖျတ်ခ နဲ ပေါ်လာရာ ‘ဝါကျတစ်ခု’ကို ရုတ်တ ရက် နှုတ်ထွက်ရွတ်ဆိုသမှု ပြုလိုက်ပါ ပေရာ သူလည်း ရုတ်တရက် ဝမ်းသာ သွားပုံရပါပေ၏။
”နိပွန်..ဘိရုမာ..ဘန်ဇိုင်း’
‘နိပွန်..ဘိရုမာ..ဘန်ဇိုင်း.. ဟားဟား …ဟားဟား…ဟားဟား…နောက်တစ်ခေါက် ပြန်လာရင်လည်း ကူညီနိုင်တာ ကူညီပါ ဦး ဆာသော်ဒိုးစံ”
‘ရပါတယ် တကေရှိကူဒို ကြို တင်ပြီးတော့သာ အီးလ်မေးနဲ့ ဖြစ်ဖြစ် ဆက်သွယ်လိုက်ပါ။ ကျွန်ုပ်တတ်နိုင်တာ မှန်သမျှ ကူညီဖို့ အသင့်ပါ။ ကျွန်ုပ် ထက် ထဲထဲဝင်ဝင်
လုပ်ဆောင်နေတဲ့ သူတွေဆီလည်း ဆက်သွယ်ဆောင်ရွက် စေချင်ပါတယ်”
”ကျေးဇူးတင်ပါတယ် ဆာသော်ဒိုး စံ..ခင်ဗျားရဲ့ အရုပ်တွေကိုလည်း ‘လှုပ်’ဖို့ လုပ်ပါ”
”ကောင်းပါပြီ တကေရှိကူဒို’
”ဒါနဲ့ တင့်နှင်းထက်ရေ..ခင်ဗျား တို့ မြန်မာတွေက သိပ်ကို ကူညီတတ်ကြ တာပဲနော်”
”ဟုတ်တယ် တကေရှိကူဒို…ကျွန်မတို့ လူမျိုးဟာ အဲသလိုပါပဲ”
”အဲ…အကြောင်းမဲ့ ကူညီတာ တော့ မဟုတ်ဘူး။ တကေရှိကူဒိုရဲ့ မောင်ရင်တို့ ဂျပန်နိုင်ငံဟာ ကျွန်ုပ်တို့ မြန်မာနိုင်ငံရဲ့ ပထမဆုံး ခေတ်မီစစ်တပ် ‘ရဲဘော်သုံးကျိပ်’အတွက် အများကြီးကို ကူညီခဲ့တယ် မဟုတ်လား”
ဟားဟားဟားဟားဟား…. ဟုတ်ပါတယ် ဆာသော်ဒိုးစံ”
”အဲဒီအတိတ်က ကျေးဇူးတွေဟာ ကျွန်ုပ်တို့နိုင်ငံနဲ့လူမျိုးအပေါ်မှာ အများ ကြီးကို ရှိခဲ့တယ်လေ..ပြီးတော့..ပြီး တော့ …’
”ပြီးတော့..ဘာဖြစ်သလဲ ဆာ သော်ဒိုးစံ”
”ပြီးတော့ ..ဘာဖြစ်ရမလဲဗျ။ အခုလက်ရှိ ပစ္စုပ္ပန်အခြေအနေမှာလည်း ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံအပေါ်မှာ တင်ရှိနေတဲ့ အကြွေးတွေကို လျှော်ပစ် ပေးနေတယ်။ ကျုပ်တို့ နိုင် ငံက ‘ခေါင်း ရှောင်အဆက်ဆက်’ရဲ့ အချို့နိုင်ငံကြီး တွေကို မဖြစ်မနေပေးဆပ်ရမယ့် အြေ<ွကးတွေကိုလည်း ‘ကြား’ကနေ ဝင် ဝက် ‘ဆပ်’ပေးနေတယ် မဟုတ် လား”
”ဟားဟား..ဟားဟား..ဟား ဟား ..တော်တော်နောက်တဲ့ ဆာသော်ဒိုးစံ”
”မနောက်ပါဘူးဟာ တကယ် ပြောတာပါ။ အစိုးရမင်းအဆက်ဆက် လက်ထက်တော်ပေါင်းများစွာမှာ ဘယ်သူတွေ ဘယ်ဝါတွေ ‘အပေါ်က အဘတွေ’၊ ‘အလယ်က အဘတွေ’၊
‘ကျေးဇူး’ဘာညာ မသိတတ်စေကာမူ ကျွန်ုပ်တို့ပြည်သူများကတော့ ကျေးဇူး မမေ့တတ်ပါဘူးခင်ဗျား..ဟားဟား ဟားဟားဟား”
”ဟားဟားဟားဟားဟား ..ဟုတ်ပါပြီ။ ဟုတ်ပါပြီ ..ဘာပဲ ဖြစ် ဖြစ်ပါ။ နောက်တစ်ခေါက် ပြန်ရောက် လာတဲ့အခါ အခုလို ကူညီပေးပါဦးဗျာ”
”စိတ်ချပါ…လာခဲ့ပါ..ကူညီ ပါရစေ။ အသင့်ပါ။ ဒီကြားထဲ ကျွန်ုပ်တို့ ကလည်း ပြန်ပြီး အကူအညီတောင်းစ ရာ ကိစ္စကြီးငယ် ဘာညာရှိလာခဲ့ရင် လည်း မျက်နှာတော့ လွှဲမနေပါနဲ့ဟာ”
”ပြောပါ …ပြောပါ..အကူအညီလိုတဲ့ ကိစ္စပေါ်လာတဲ့အခါ ကျွန် တော်တို့ကလည်း ကူညီမှာပါ။ အဲဒီအခါ ပြောသာပြောပါ။ အားမနာပါနဲ့ခင်ဗျာ”
”ဟုတ်ပါပြီ တကေရှိကူဒိုရာ..တကယ်လို့ပေါ့ဗျာ။ နောင်တစ်ချိန်ချိန် မှာ ”တိုင်းပြည်ရန်စွယ် စူးညှောင့်ခလုတ် တွေ”ကို တွန်းလှန်ဖို့ ဖြစ်တည်လာတဲ့အခါ
‘ရဲဘော်သုံးကျိပ်အသစ်’ထပ်ဖွဲ့ဖြစ် တဲ့အခါ ကျွန်ုပ်တို့ တိတ်တဆိတ် ဆက်သွယ်ကြတာပေါ့ခင်ညာ”
”ဟာဂျာ…ဟာဂျာ…ဟာဂျာ…တကယ်နောက်တဲ့ ဆာသော်ဒိုးစံရာ”
ဆာသော်ဒိုး

popular