ဒေလီရှိမြန်မာဒုက္ခသည်ကို အဓမ္မကျင့်ခဲ့သူ ပြစ်ဒဏ်ချခံရ

ပို့စ်တင်ချိန် - 11/21/2013 09:28:00 AM


• အိန္ဒိယနိုင်ငံ၊ နယူးဒေလီမှာ ခိုလှုံနေရတဲ့ မြန်မာ ဒုက္ခသည်အမျိုးသမီးတဦးကို အဓမ္မကျင့်ခဲ့သူ ဒေသခံ အိန္ဒိယနိုင်ငံသားကို ထောင်ဒဏ် (၁ဝ) နှစ်ချမှတ်လိုက်။
• မုဒိန်းမှုကျူးလွန်သူဟာ အသက် (၄၃) နှစ်ရှိပြီး၊ လုံခြုံရေးအစောင့်လုပ်တဲ့ (ရန်းဂျစ်-ဆင်း) ဖြစ်တယ်။
• တရားသူကြီး (နီဗီဒီတာ အနီးလ် ရှားမာ) ကနေ တရားခံကို ထောင်ဒဏ်အပြင် ဒဏ်ငွေ ခြောက်သောင်းပါ ချမှတ်လိုက်တဲ့အပြင် ဒေလီအစိုးရအနေနဲ့ Delhi Victims Compensation Scheme အရ အဓမ္မပြုကျင့်ခံရသူကို နစ်နာမှုအတွက် ဆောင်ရွက်ပေးဘို့ကိုလည်း အမိန့်ချမှတ်လိုက်တယ်။
• အမှုအခင်းကို ၂ဝ၁၁ မတ်လ (၂) ရက်နေ့မှာဖြစ်ခဲ့တယ်။ ပြုကျင့်ခံရသူဟာ ကလေး (၄) ယောက်အမေဖြစ်ပြီး အဲဒီအချိန်က ကိုယ်ဝန် (၂) လရှိနေသူဖြစ်ပါတယ်။ တရားခံက အိမ်နီးချင်းဖြစ်တယ်။
• ဒါဟာ မြန်မာ ဒုက္ခသည်အမျိုးသမီးတွေအပေါ်ကျူးလွန်တဲ့ မတရားမှုတွေအတွက် အိန္ဒိယတရားရုံးကနေ ပဌမဆုံး တရားဥပဒေနဲ့အညီ ဆောင်ရွက်ပေးတာဖြစ်ပါတယ်။
Dr. Tint Swe
source: http://timesofindia.indiatimes.com/city/delhi/People-morally-bound-to-protect-refugees-Delhi-court/articleshow/26059118.cms