တာမွေမြို့နယ်တွင် စည်ပင်ဝန်ထမ်းတစ်ဦး ယာဉ်တိုက်မိသေဆုံး

ပို့စ်တင်ချိန် - 11/19/2013 04:59:00 PM


ရန်ကုန်၊ နိုဝင်ဘာ ၁၉

၁၉.၁၁.၂၀၁၃ရက်နေ့ ၀၂၀၀ အချိန်တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်းအတိုင်း
တောင်မှမြောက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင်လာသော ယာဉ်အမှတ်/အမျိုးအစား(စိစစ်ဆဲ)ယာဉ်သည် တာမွေဈေးမှတ်တိုင်
အရောက်တွင် လမ်းလယ်၌တံမြက်စည်းလှဲနေသော ဒေါ်စန်းစန်းဝင်း (စည်ပင်နေ့စားဝန်ထမ်း)၊ (ဘ)ဦးဟန်တင်၊ တာမွေမြို့နယ်နေသူအား
တိုက်မိပြီး မောင်းနှင်ထွက်ပြေးသွားခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ဒေါ်စန်းစန်းဝင်းတွင် ၀ဲခြေသလုံးဖူးယောင်၊ ယာဂျိုစောင်းဖူးယောင်ပေါက်ပြဲ၊နား/နှာခေါင်းသွေးထွက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သဖြင့် ယာဉ်မောင်း (စုံစမ်းဆဲ)အား တာမွေမြို့မရဲစခန်းယာဉ်(ပ)၅၀/၂၀၁၃၊ ပုဒ်မ ၂၇၉/၃၀၄-က/၂၀၂ဖြင့် အမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police