ဒီချုပ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ လုထုဆန္ဒရယူပွဲ

ပို့စ်တင်ချိန် - 11/18/2013 10:59:00 AM





ဒီချုပ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး လုထုဆန္ဒရယူပွဲ နေပြည်တော်တွင်ကျင်းပ
နေပြည်တော်-နိဝင်ဘာ၁၈
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး လုထုဆန္ဒရယူပွဲ အခမ်းအနားကို နံနက် ၈ နာရီ ၃၀ မိနစ်က နေပြည်တော်တွင်ကျင်းပရာ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်သည်။ အခမ်းအနားကို အစီအစဉ် ၉ ရပ်ဖြင့်ကျင်းပမည်ဖြစ်ကြောင်သိရသည်။
အခမ်းအနားတွင အဖွဲ့ချုပ်၏ ဖွဲ့စည်းပုံနှင့်ပါတ်သက်သောကြေညာချက်ကို ဖတ်ကြားခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်မှ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်လာပုံကို ရှင်းလင်းဟောပြောသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်မှ အခြေခံဥပဒေနှင့် ပါတ်သက်၍ ဆွေးနွေးဟောပြောလျက်ရှိသည်။
ဓါတ်ပုံ-National League for Democracy
Popular Myanmar News Journal