ကလေး ဆေးကုဖို့ ပန်းချီပြပွဲလုပ်ပြီး ရန်ပုံငွေရှာမယ်

ပို့စ်တင်ချိန် - 11/06/2013 11:07:00 AM


အခါလည်ကျော် သမီးငယ်လေး မယမုန်ဦး ၏ ဝေဒနာ ခွဲစိတ်ကုသရန် အလှူငွေ လိုအပ်လျက်ရှိ -

ပဲခူးတိုင်း ၊   ကျောက်တံခါး မြို့နယ် ကြောင်ဆိုး ကျေးရွာတွင် နေထိုင်သော ဦးကျော်လှိုင် + ဒေါ်နုနုနိုင် တို့၏ သမီးလေး မယမုန်ဦးသည် ဦးခေါင်းတွင်  မွေးရာပါ  အသားပို အလုံးတလုံး ပါရှိလာခဲ့သည်။

ထိုအသားပို အလုံးကြီးသည် ဦးခေါင်း နောက်စေ့ဘက်တွင် ရှိသောကြောင့် ကလေးငယ်မှာ အသက်အရွယ်နှင့် မလိုက်အောင် ဝေဒနာကို ကြီးစွာ ခံစားနေရ ရှာပါသည်။
 ထိုကလေး၏ ဝေဒနာအား အထူးကု ဆရာဝန်ကြီးများနှင့် ပြသကြည့်ရာတွင် ယခု အရွယ်တွင် ခွဲစိတ်ပါက နောင်အနာဂတ်တွင် ကောင်းမွန်စွာ ဆက်လက်  ရှင်သန်နိုင်မည် ဖြစ်သည်ဟု သိရကြောင်း ကလေး၏ မိခင်ဖြစ်သူ မနုနုနိုင်က ပြောကြားခဲ့ပါသည်။

အရှင် ဇ၀န (ပဲခူး) ကလည်း  “အခုတော့ ဆရာဝန် သွားပြတော့ ခွဲလို့ရတယ်။ ကုန်ကျစရိတ်ကို ဘုန်းကြီးတို့က ၀ိုင်းဝန်းပြီး ကူညီနိုင်အောင်လို့ အခုလို လူအများ သိရအောင်လို့ ဒကာလေးတို့ကို ပြောပြတာပါ”  ဟု မိန့်ကြားခဲ့ပါသည်။

အသက်တနှစ် နှင့် တလ အရွယ် သမီးလေး ခွဲစိတ်ကုသရန် ကုန်ကျစရိတ် အတွက် ဆရာ ရွှေညာခိုင်စိုး၊ ဆရာ ကိုသီး တို့က ပန်းချီပြပွဲ ပြုလုပ်၍ ရန်ပုံငွေ ရှာကြမည် ဖြစ်ပါသည်။

သမီးလေး မယမုန်ဦး အတွက် ငွေကြေး လှူဒါန်းလိုသူမ အလှူရှင်များသည်
- ဆရာတော် အရှင် ဇ၀န (ပဲခူး) - 09 425 024 913
- ကောင်းမြတ် (ခရာတော) - 09 33 536 048
- စန္ဒရား ခွန်တင်ကြွယ် - 09 420 099 602
-  ရွှေညာခိုင်စိုး - 09 73 050 930 တို့ကို ဆက်သွယ် လှူဒါန်းနိုင်ကြောင်းလည်း ထပ်မံ သိရှိရပါသည်။

ရန်နောင် (ဗိုလ်တထောင်)
Irrawaddy