၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုတဲ့ပုံစံမျိုးနဲ့ ရလာတဲ့ သဘောတူညီမှုမျိုးဟာ ကျမတို့အတွက် လုံးဝ တန်ဖိုးမရှိပါဘူး

ပို့စ်တင်ချိန် - 11/19/2013 02:03:00 PM


ကျမတို့ကို နားမလည်ဘဲ ထောက်ခံတာဟာ တန်ဖိုးမရှိဘူး။ နားလည်ပြီးထောက်ခံမှ တန်ဖိုးရှိတယ်။ ကျမတို့ဟာ ပြည်သူကိုလှည့်ဖျားပြီးတော့ စည်းရုံးတဲ့ကိစ္စမျိုး မလုပ်ချင်ဘူး။ ကျမတို့ရဲ့ယုံကြည်ချက် ကျမတို့ တင်ပြတယ်။ ကျမတို့ယုံကြည်ချက်ဆိုတာ ကျမတို့အနေနဲ့ တိုင်းပြည်အတွက် လိုအပ်တယ်ဆိုတဲ့ ကျမတို့ရဲ့ ယုံကြည်ချက်။ ကျမတို့ ဘာဖြစ်လို့ဒီလိုယုံကြည်လဲဆိုတာကို ကျမတို့ ရှင်းပြတယ်။ ပြည်သူလူထုက ကျမတို့နဲ့ သဘောတူသလား မတူဘူးလားဆိုတာ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ကိုယ့်ဟာကိုယ် လွတ်လွတ်လပ်လပ် ကိုယ့်ရဲအတွေးနဲ့ ကိုယ့်ရဲ့ဆင်ခြင်သုံးသပ်မှုနဲ့ လက်ခံတဲ့လက်ခံမှုမျိုးမှ ကျမတို့အတွက် တန်ဖိုးရှိတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုတဲ့ပုံစံမျိုးနဲ့ ရလာတဲ့ သဘောတူညီမှုမျိုးဟာ ကျမတို့အတွက် လုံးဝ တန်ဖိုးမရှိပါဘူး။ ဒါ့ကြောင့် ပြည်သူလူထုဟာ နားလည်ပါ။ ဘာ့ကြောင့် ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းလဲဖို့ လိုသလဲဆိုတာကို နားလည်စေချင်တယ်။ ....

ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံလို့၊ ဒါမှမဟုတ် ကျမကို ထောက်ခံလို့ဆိုတဲ့ အဲဒီစိတ်ဓာတ်နဲ့ပဲ ဖွဲ့စည်းပုံအခြေခံ ပြုပြင်ပြောင်းလဲရေးကို မထောက်ခံပါနဲ့။ ဒီဟာက တကယ်ပဲ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စမို့လို့ ထောက်ခံစေချင်တယ်။

(နိုဝင်ဘာ ၁၈ရက်နေ့၌ နေပြည်တော်တွင် ပြုလုပ်သော ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုညီလာခံမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက် မိန့်ခွန်းမှ ကောက်နှုတ်ချက်)
Kamayut Media