ဇနီးဖြစ်သူနှင့် စကားများရာမှ နေအိမ်အား မီးရှို့ပြီး မီးငြှိမ်းသူများအား ရန်ပြုသူကို ဖမ်းဆီးထား

ပို့စ်တင်ချိန် - 11/26/2013 06:41:00 PM


နေပြည်တော်၊ နိုဝင်ဘာ ၂၆

၂၅-၁၁-၂၀၁၃ ရက်နေ့ ၁၇၃၀ အချိန် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ မုံညှင်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ မြိုင်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသွားရောက် စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ ၎င်းကျေးရွာနေ အောင်ဆင့်(၅၀)နှစ်သည် ဇနီးဖြစ်သူနှင့်စကားများ ရန်ဖြစ်ရာမှ နေအိမ်မြောက်ဘက်ခြမ်းတွင် အဖီချဆောက်လုပ်ထားသည့် ၃ x ၃ ပင် မြေစိုက်၊ ၀ါးကပ်မိုး၊ ထရံကာမီးဖိုဆောင်အား ဂက်စ်မီးခြစ်ဖြင့်မီးရှို့ခဲ့ကြောင်း၊ ကျေးရွာသူ/သားများမှဝိုင်းဝန်းငြှိမ်းသတ်စဉ် အောင်ဆင့်မှ ရွာသားများအား ကျောက်ခဲ၊ ဓါး၊ လေးဂွတို့ဖြင့်ပစ်ခတ်သဖြင့် ကိုထွန်းလွင်(၅၀)နှစ်ပါ (၂)ဦးတွင် ယာလက်မပြတ်ရှဒဏ်ရာများရရှိခဲ့သဖြင့် ပခုက္ကူမြို့နယ်ပြည်သူ့ဆေးရုံသို့လည်းကောင်း၊ ကိုအောင်နိုင်(၃၀)နှစ်ပါ(၆)ဦးတွင် ရင်ဘတ်အောင့်ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် မြိုင်မြို့နယ် ပြည်သူ့ဆေးရုံသို့လည်းကောင်းပို့ဆောင်ခဲ့ပြီး ၁၇၅၀ အချိန်တွင်မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် အောင်ဆင့်၏နေအိမ်(၁)လုံးမီးလောင်ကျွမ်းခဲ့ပြီး တန်ဘိုးငွေကျပ်(၁၅၀၀၀ိ/-)ဆုံးရှုံးခဲ့ကြောင်းနှင့် လူ/ တိရစ္ဆာန်သေဆုံးမှုမရှိကြောင်း၊ အောင်ဆင့်မှာ ကျေးရွာသူ/သားများ၏ပြန်လည်ခုခံမှုကြောင့် ဦးခေါင်းထိပ်၊ မေးစေ့ပေါက်ပြဲဒဏ်ရာ(၁)ချက်၊ မျက်နှာ၊ ၀ဲယာလက်နှင့်ခြေတို့တွင် မီးလောင်ဒဏ်ရာများရရှိခဲ့သောကြောင့် မြိုင်မြို့နယ်ဆေးရုံသို့ပို့ဆောင်ကာ မြိုင်မြို့မရဲစခန်း(ပ)၁၀၃/၂၀၁၃၊ ပြစ်မှုပုဒ်မ ၄၃၆/၃၂၆/၃၃၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်