အကြွေးအာမခံလုပ်ငန်း မြန်မာ့အာမခံ ၂၀၁၄ တွင် စလုပ်မည်

ပို့စ်တင်ချိန် - 11/16/2013 07:13:00 PM


ရန်ကုန်၊ နိုဝင်ဘာ ၁၅

အာမခံလုပ်ငန်းကဏ္ဍ တိုးတက်ရန် လုပ်ဆောင်နေသော မြန်မာနိုင်ငံ တွင် ငွေချေးငှားရာတွင် တစ်ဆင့်ခံ အာမခံပေးသည့် အကြွေး အာမခံလုပ်ငန်း (Credit Gurantee Insurance) ကို မြန်မာ့ အာမခံလုပ်ငန်းက ၂၀၁၄ ခုနှစ် ဧပြီလတွင် စတင်လုပ်ကိုင်မည် ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။

အဆိုပါ လုပ်ငန်းကို သီးခြားအဖွဲ့ ဖွဲ့၍ လုပ်ကိုင်ရန် စီစဉ်ခဲ့သော်လည်း အချိန် ကြာမြင့်နိုင်သည့် အတွက် မြန်မာ့ အာမခံလုပ်ငန်းကိုသာ လုပ်ကိုင်ခွင့်ပေးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
“အဲဒီလုပ်ငန်း အကောင်အထည်ပေါ်ရင် အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းတွေ ငွေချေးငှားတဲ့ နေရာမှာ အထောက်အကူ ပိုပေးနိုင်တော့ စီးပွားရေး တိုးတက်မှုအတွက် အထောက်အကူ ဖြစ်လိမ့်မယ်” ဟု IKBZ အာမခံလုပ်ငန်းမှ အထွေထွေ မန်နေဂျာ ဦးအောင်စိုးဦးက ပြောကြားသည်။

အကြွေးအာမခံ လုပ်ငန်း ဆိုသည်မှာ ငွေချေးငှားရာတွင် ကြားမှတစ်ဆင့် အာမခံပေးသော လုပ်ငန်းဖြစ်ပြီး နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသော စနစ်တစ်ခု ဖြစ်ကြောင်း ၎င်းကဆိုသည်။
The Voice Weekly