စက်သုံးဆီ စရိတ် ကျပ် ကိုးသိန်း ၊ ဧည့်ခံကျွေးမွေးစရိတ် ကျပ်သိန်း ၅၀၀ စသည်ဖြင့် ဝန်ကြီးဌာနများ သာမန် အသုံးစရိတ်များ သုံးစွဲမှု အပေါ် လွှတ်တော်တွင် ဝေဖန်

ပို့စ်တင်ချိန် - 11/01/2013 02:34:00 PM

Friday, 01 November 2013 04:46

ရန်ကုန် ၊ အောက်တိုဘာ ၃၁။      ။ လက်ရှိ နေပြည်တော်ကောင်စီ နယ်မြေစီမံကိန်းများ၊ ဘဏ္ဍာရေး အသုံးစရိတ်များနှင့် ဝန်ကြီးဌာနများ၏ အသုံးစရိတ်များကို ပြန် လည်သုံးသပ်သင့်ကြောင်း ပြည် ထောင်စုလွှတ်တော်ကိုယ်စား လှယ်များ က အောက်တို ဘာ ၃၁ ရက်ကကျင်းပသည့် ပြည်ထောင် စု လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်သို့ ပြောကြားလိုက် သည်။ ၂၀၁၃-၂၀၁၄ခုနှစ် ဘဏ္ဍာ နှစ် ပြည်ထောင်စု၏နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေ ကြမ်း၏ ရငွေသုံး ငွေများ နှင့် ပတ် သက်၍ ပြည်ထောင်စုလွှတ် တော်ကိုယ်စားလှယ်ကိုးဦးမှ လွှတ် တော်သို့တင်ပြခြင်းဖြစ်ကြောင်း သိရသည်။

လွှတ်တော် ကိုယ်စားလှယ် များမှ ပြည်ထောင်စုလွှတ်တော် သို့တင်ပြရာတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း ကျပ် သိန်းပေါင်းများစွာ အကုန်အကျခံ တည်ဆောက်နေမှုများ၊ ဝန်ကြီး ဌာနများမှ ငွေလုံးငွေရင်းအသုံး စရိတ်ထက် သာ မန် အသုံး စရိတ် များတွင် ပိုမိုသုံးစွဲနေခြင်းများကို ပြည်ထောင်စုလွှတ်တော်အနေ ဖြင့် ပြန်လည်သုံးသပ်ပေးရန် တင် ပြကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၄) ပြည်ထောင် စုလွှတ်တော်ကိုယ်စားလှယ်  ဒေါက်တာမြတ်ဉာဏစိုးက ''နေ ပြည်တော်စည်ပင်သာယာရေး ကော်မတီက ရေပေးဝေရေးအ တွက် ကျပ်သိန်း ၁၃ဝဝဝကျော် သုံးစွဲဖို့နဲ့ နေပြည်တော် ကောင်စီ က လမ်းလုပ်ငန်းတွေအတွက် ဘဏ္ဍာငွေ ထပ်မံတောင်းခံတင် ပြထားတယ်။ ပြည်ထောင်စုနယ် မြေတစ်ခုတည်း နိုင်ငံတကာအ ဆင့်တိုးတက်နေပြီး ကျန်တဲ့နေ ရာတွေက ဒုံရင်းက ဒုံရင်းပဲဖြစ် နေရင် ဒီနိုင်ငံကြီး တကယ်တိုး တက်ရဲ့ လား။ လက်ရှိသုံးစွဲမှုတွေ ကို သင့် မသင့် ပြည်ထောင်စုလွှတ် တော်အနေဖြင့် တင်ပြခြင်းဖြစ်ပါ တယ်''ဟု ပြည်ထောင်စုလွှတ် တော်သို့ တင်ပြသည်။

ယင်းအပြင် ဝန်ကြီးဌာန များ၏ သာမန်အသုံးစရိတ်များ ကိုပါ လျှော့ချရန်လိုအပ်ကြောင်း၊ သမဝါယမ ဝန်ကြီးဌာနမှ ကျေး လက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက် သွားလာစရိတ် (စက် သုံးဆီစရိတ်) ကျပ်ကိုးသန်းကို တောင်းခံ ခဲ့ကြောင်း ၊ အလားတူ မွေးမြူရေးရေလုပ်ငန်းနှင့် ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနမှရရှိသည့် ဘတ်ဂျက် ထက် ပိုမိုသုံးစွဲရန် တင်ပြထား ကြောင်း၊ ယင်းတို့ကိုပြန်လည်စစ် ဆေးမှုများ ပြုလုပ်ပေးပါရန် လွှတ် တော်ကိုယ်စား လှယ် များ မှ ပြည် ထောင်စုလွှတ်တော်သို့ တင်ပြ ခြင်းဖြစ်ကြောင်း သိရသည်။

ထန်းတပင်မဲဆန္ဒနယ် ပြည် ထောင်စုလွှတ်တော်ကိုယ်စား လှယ်ဦးစိန်ထွန်းက ''မန္တလေးက အခြေခံပညာဦးစီးဌာနကဆိုရင် ဧည့်ခံကျွေးမွေးစရိတ်က ကျပ် သိန်း၅ဝဝရှိတယ်လို့ တင်ပြတယ်။ စက်သုံးဆီအသုံးစရိတ်တွေအပါ အဝင် သာမန် အသုံး စရိတ်များ ကို ပြန်လည်စဉ်းစားသင့်ပါတယ်'' ဟု လွှတ်တော်သို့ တင်ပြသည်။

ယင်းနှင့် ပတ်သက်၍ ပြည် ထောင်စုလွှတ်တော်နာယကက ၂၀၁၃-၂၀၁၄ခု ဘဏ္ဍာရေးနှစ် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံး စွဲရေး ဥပဒေကြမ်းပါရသုံးငွေများ နှင့်စပ်လျဉ်း၍ ဆွေးနွေးချက်များ ကို နိုဝင်ဘာ ၅ရက်တွင်ကျင်းပ မည့် ပြည်ထောင် စု လွှတ် တော် အဋ္ဌမပုံမှန်အစည်းအဝေး နဝမ နေ့တွင် လွှတ်တော်အဆုံးအဖြတ် ကိုရယူမည်ဟု ကြေညာသည်။

သန်းနိုင်ဦး
Yangon Media Group