မြန်မာ ယူ၁၉အသင်း ဗိုလ်လုပွဲတက်သွားပြီ ပရိသတ်အပေါင်းတို့

ပို့စ်တင်ချိန် - 11/09/2013 09:34:00 AM


မမျှော်လင့်ထားတဲ့သတင်းပါပဲ၊ မြန်မာ ယူ၁၉ အသင်းက မလေးရှား ယူ
၂၃ အသင်းကြီးကိုနိုင်ကာဗိုလ်လုပွဲတက်သွားပြီတဲ့။ယနေ့ ( နိုဝင်ဘာ ၈ ရက်နေ့ )ညနေ(၄)နာရီမှာကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ အိုလံပစ် အားကစားကွင်းတွင် BIDC Cup 2013 ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ်အဖြစ် မြန်မာ ယူ၁၉ အသင်းနှင့် မလေးရှား ယူ၂၃ အသင်း(ဆီးဂိမ်းစ်ပြိုင်ပွဲ လာကစားမယ့် အသင်း)တို့ ယှဉ်ပြိုင်ကစားရာ မြန်မာ ယူ၁၉ အသင်းက (၁)ဂိုး၊ဂိုးမရှိနဲ့ အနိုင်ရသွား ပါတယ်။ ဆီးဂိမ်းစ်မှာလာပြိုင်မယ့် မလေးရှား
၂၃ အသင်းကြီးကို အနိုင်ယူပြီး မြန်မာ ယူ၁၉ အသင်း ဗိုလ်လုပွဲသို့ တက်ရောက်သွားခြင်းကြောင့် (ကိုယ့်ထက်အဆင့်မြင့်တဲ့ အသင်းအနိုင်ရခြင်းဖြစ်ရုံမကမြန်မာယူ၂၃ ရှုံးကြွေးကို ယူ၁၉ ကချေလိုက်နိုင်ခြင်းဖြစ်လို့ )မြန်မာဘောလုံးချစ်ပရိသတ်တို့  နဲ့ တကွပေါ်ပြူလာအနေနဲ့ လည်းဂုဏ်ယူဝမ်းမြောက်ကြရပါတယ်။

(ပုံကတော့ BIDC Cup 2013 ပွဲစဉ် မြန်မာ ယူ၁၉ အသင်းနှင့် ဗီယက်နမ် ယူ၂၂ အသင်းတို့ ပွဲနေ့ )

Popular Journal