ကလေးငယ်တိုင်း အကြမ်းဖက်မူ မှန်သမျှ ကာကွယ် စောင့်ရှောက်ခံပိုင်ခွင့် ရှိရမည်ဟု ယူနီဆက် ဌာန ကိုယ်စားလှယ်ပြောဆို

ပို့စ်တင်ချိန် - 11/25/2013 06:31:00 PM


ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ ညီလာခံ သဘောတူ စာချုပ် အခန်း၁၉ ပါ ပြဌာန်းချက်အရ ကလေးတိုင်း အကြမ်းဖက်မူ မှန်သမျွှကနေ ကာကွယ်စောင့်ရှောင့် ခံပိုင်ခွင့်ရှီ ရမည်ဖြစ်ကြောင်း ယူနီဆက်(ဖ်) မြန်မာဌာနေ ကိုယ်စားလှယ် မစ္စတာ ဗိန်းလဲ(လ်) ကပြောဆိုခဲ့သည်။
ကလေး သူငယ်များ အပေါ် အကြမ်းဖက်ခြင်းဆိုသည်မှာ ရုပ်ပိုင်း ၊ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်ခြင်း၊ ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်း၊ များသည် မြန်မာနိုင်ငံတွင်း အိမ်တွင်း အကြမ်းဖက်ခြင်း၊ ရိုက်နှက်ပြစ်ဏ်ပေးခြင်း၊ စာသင်ကျောင်း များတွင် ဖြစ်ပွားနေသလို မြန်မာ့ လူ့ အလွာ အသီးသီးတွင် ဖြစ်ပေါ်နေကြောင်း ယင်းကပြော ဆိုခဲ့သည်။
မြန်မာနိုင်ငံတွင် ကလေးသူငယ်များ အပေါ် အကြမ်းဖက်ခြင်းများ အဆုံးသတ်ရန် ကလေးများအား ဆုံးမရာတွင် မိဘများနှင့် ဆရာ၊ဆရာမများက အကြမ်းမဖက်သည့် နည်းလမ်းများ အသုံးပြုခြင်းအပေါ် အားပေးကူညီ ရမည်ဖြစ်ကြောင်း မစ္စတာ ဗိန်းလဲ(လ်) ကပြောဆိုခဲ့သည်။
" အသက်အရွယ်နဲ့ မျှတတဲ့ စည်းကမ်းထိန်းသိမ်း ဆိုဆုံးမခြင်း ပြစ်ဒဏ်ပေး ခငြ်းဆိုင်ရာ တရားဝင် လမ်းညွန် ချက်တွေနဲ့ အသိပညာမြင့်တင်ခြင်း ဆိုင်ရာ တရားဝင်လမ်း ညွန်ချက်တွေ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးမှာ လိုအပ်နေ ပါတယ်" ဟုယူနီဆက်(ဖ်) မြန်မာဌာနေ ကိုယ်စားလှယ် မစ္စတာ ဗိန်းလဲ(လ်) ကဆိုသည်။
မြန်မာနိုင်ငံသည် ကုလသမဂ္ဂ အဖွဲ့ ဝင်နိုင်ငံ တစ်ခုဖြစ်ပြီး ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ညီလာခံ သဘောတူ စာချုပ်ကို ၁၉၉၁ ခုနစ်က လတ်မှတ်ရေးထိုး ထားခဲ့ကြောင်း စာချုပ်ပါ အခန်း ကဏ္ဍများကိုလဲ အသက်ဝင်အောင်ဆောင်၇ွက် ရမည်ဖြစ်ပြိး အကြမ်းဖက်ခြင်းထက်ငြိမ်းချမ်းရေးကို ပိုမို လိုလားသည့် မြန်မာ့လူဘောင် အဖွဲ့ အစည်းဖြစ်စေရန် ယူနီဆက်(ဖ်) အနေဖြင့်လက်တွဲကူညီ သွားမည်ဖြစ်ကြောင်း မစ္စတာ ဗိန်းလဲ(လ်) ကဆက်လက်ပြောကြား ခဲ့သည်။

ရိုးရာလေး