ငါးမိနစ်အတွင်းမွေးခဲ့သောကလေး ခုနစ်လ၌် လမ်းလျှောက် စကားပြော တစ်နှစ်သားတွင် လက်တော့ပ်အသုံးပြု

ပို့စ်တင်ချိန် - 11/22/2013 11:25:00 AM


[ Ref-Daily Mail ၊ ဘာမင်ဂမ် ၊ နိုဝင်ဘာ ၂၁ ]

ဘာ မင်ဂမ်မြို့ ချဲမ်စလီဝုဒ်မှ အသက် ၂၄နှစ်အရွယ် ဟယ်သာသော့ပ် သည် လွန်ခဲ့သည့်နိုဝင်ဘာက ၅ ပေါင်ရအောင်စရှိသော ဂျိုနသန် လေးကို မယုံနိုင်စရာဖြစ်လောက် အောင် မြန်ဆန်သောမွေးဖွားမှု ဖြင့် မွေးဖွားခဲ့သည်။ယခုအခါ ၁၂လပြည့်ပြီဖြစ် သော ရှိန်လောက်သည့်နို့စို့အရွယ် ကလေးမှာ အရှိန်လျှော့ချမည့် လက္ခဏာမရှိပေ။ ဂျိုနသန်သည် အချိန်တိုအတွင်း လွန်စွာအံ့ဩ လောက်သည့် ကျွမ်းကျင်မှုများကို သင်ယူနိုင်ခဲ့သည်။ အသက်ခုနစ် လအရွယ်တွင် ၎င်းနှင့် သက်တူ ရွယ်တူများ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ရရုံရှိနေစဉ် ဂျိုနသန် က လမ်းတွေလျှောက် စကားတွေ ပြောနေနိုင်ပြီဖြစ်သည်။ သူသည် ထိုစဉ်ကတည်းက ကနည်းကို သင် ယူခဲ့သည်။

ထို့အပြင် ဂျိုနသန်သည် ၎င်း၏အကြိုက်ဆုံးသီချင်း ဂန်းနမ်း စတိုင် သီချင်းနှင့်အတူ ကရသည်ကိုလည်း နှစ်သက်ကြောင်း ဂုဏ်ယူနေသော မိဘများက ပြောကြားခဲ့သည်။ထို့အပြင် ၎င်း၏ပထမဆုံး မွေးနေ့မတိုင်မီ ဂျိုနသန်သည် နည်းပညာနှင့် အကျွမ်းဝင်မှုမြင့် များကြောင်းလည်း ပြသခဲ့သည်။ ဂျိုနသန်က မိခင်ဖြစ်သူ၏လက် တော့ပ်ကွန်ပျူတာကို ကိုင်တွယ် သုံးစွဲနိုင်သည့်အပြင် ရုပ်သံချန် နယ်များကို ပြောင်းလဲကြည့်ရှုရန် ရီမုတ်ကွန်ထရိုးကို မည်သို့အသုံး ပြုရသည်ကိုလည်း သိရှိနေသည်။

သားဖြစ်သူ၏ လျင်မြန်သည့် ဖွံ့ဖြိုးမှုသည် လျင်မြန်စွာမွေးဖွား ခဲ့ခြင်းကြောင့်ဖြစ်သည်ဟု မိခင် ဖြစ်သူ ဟယ်သာက ယုံကြည်နေ သည်။
ထို့အပြင် ဂျိုနသန်သည် One Direction ပရိသတ်တစ်ဦး ဖြစ်ပြီး ပီတာအန်ဒရေကိုလည်း နှစ်သက်ကြောင်း သိရသည်။
Yangon Media Group