ဇနီးဖြစ်သူအိမ်ပေါ်မှဆင်းသည်ကိုမကျေနပ်၍ သမီး ၂ ဦးအားဓါးဖြင့်ထိုးပြီး ကိုယ်တိုင်ဆွဲကြိုးချသေ

ပို့စ်တင်ချိန် - 11/24/2013 08:08:00 PM


နေပြည်တော်၊ နိုဝင်ဘာ ၂၄

၂၃-၁၁-၂၀၁၃ ရက်နေ့ ၁၈၀၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ သပြေ၀ ကျေးရွာတွင် လူသတ်မှုဖြစ်ပွားကြောင်းသတင်းအရ မိတီ်္ထလာအမှတ်(၃)နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ၎င်းကျေးရွာနေ မင်းဦး(၃၀)နှစ်မှ သမီးများဖြစ်သည့် မသင်းနုဝေ(၆)နှစ်နှင့်မမေမြတ်နိုးဦး(၉)နှစ်တို့အား ဓါးဖြင့်ထိုးခဲ့သဖြင့် မသင်းနုဝေမှာ ၀ဲရင်အုံထိုးသွင်း ဒဏ်ရာ(၁)ချက်ရရှိပြီး အခင်းဖြစ်နေရာတွင်သေဆုံးသွားကြောင်း၊ မမေမြတ်နိုးဦးတွင် ၀ဲရင်အုံထိုးသွင်း ဒဏ်ရာ(၁)ချက်ရရှိပြီး မင်းဦးမှာလည်း နေအိမ်ထုတ်တန်း၌(၅)မူးလုံးခန့်ရှိ အစိမ်းရောင်နိုင်လွန်ကြိုးဖြင့် ကြိုးဆွဲချသေဆုံးလျက်ရှိကြောင်းတွေ့ရှိရသဖြင့် မိတီ်္ထလာပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့သည်။ စုံစမ်းချက်အရ မင်းဦးသည် ဇနီးဖြစ်သူနေအိမ်မှဆင်းသွားသည်ကိုမကျေမနပ်ဖြစ်ကာ သမီး(၂)ဦးအား ဓါးဖြင့်ထိုး၍ ကိုယ်တိုင်လည်းကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရှိရသောကြောင့် မင်းဦးအား မိတီ်္ထလာ အမှတ်(၃)နယ်မြေရဲစခန်း(ပ)၁၁၃/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂/၃၂၆ ဖြင့်လည်းကောင်း၊ သေမှုသေခင်း အမှတ်စဉ်(၈/၂၀၁၃)ဖြင့်လည်းကောင်း အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
Myawady News