မန္တလေး လေဆိပ်တွင် အသေးစား မီးလောင်မှုဖြစ်

ပို့စ်တင်ချိန် - 11/04/2013 02:22:00 PM


ဧရာဝတီ၊ နိုဝင်ဘာ ၄၊ ၂၀၁၃

မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ပထမထပ်ရှိ ESPACE CAFÉ & BAR ဆိုင်တွင် နိုဝင်ဘာ ၄ ရက်နေ့ မနက် ၀၀း ၁၅ နာရီ အချိန် ရေခဲသေတ္တာ Safe Guard အပူလွန်ကဲရာမှ ၀ါယာရှော့ဖြစ်၍ မီး လောင်ကျွမ်းမှုတရပ်ဖြစ်ပွားခဲ့ပြီး မနက် ၀၂း၀၀ နာရီ မီးငြိမ်း သတ်နိုင်ခဲ့ကြောင်း၊ ဆုံးရှုံးမှု တန်ဖိုးမှာ ကျပ် သိန်း ၃၅၀ ခန့် ဖြစ်ကြောင်း တံတားဦးမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

Irrawaddy