နေ​ပြည်​တော် ​ဆ​န္ဒ​ခံ​ယူ​ပွဲ ​ခွင့်​ပြု​မိန့်​ရ​ပြီ

ပို့စ်တင်ချိန် - 11/16/2013 06:44:00 PM


နေ​ပြည်​တော်​မှာ ၂၀၀၈ ​ဖွဲ့​စည်း​ပုံ ​အ​ခြေ​ခံ​ဥ​ပ​ဒေ​ဆိုင်​ရာ ​ပြည်​သူ့​ဆ​န္ဒ ​သ​ဘော​ထား​ရ​ယူ​ရေး ​လူ​ထု​ဟော​ပြော​ပွဲ ​ကျင်း​ပ​ဖို့ ​တာဝန်​ရှိ​သူ​တွေ​က ​ခွင့်​ပြု​လိုက်​ပြီ​လို့​  ​ဇ​မ္ဗူ​သီ​ရိ​မြို့​နယ် ​ပြည်​သူ့​လွှတ်​တော်​အ​မတ် ​ဒေါ်​စ​န္ဒ​မင်း​က ​ပြော​ပါ​တယ်။

အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ် (​အန်​အယ်လ်​ဒီ ​ပါ​တီ​ခေါင်း​ဆောင် ​ဒေါ်​အောင်​ဆန်း​စု​ကြည်​ကိုယ်​တိုင်  ​တက်​ရောက် ​မိန့်​ခွန်း​ပြော​မယ့် ​ဖွဲ့​စည်း​ပုံ ​အ​ခြေ​ခံ​ဥ​ပ​ဒေ​ဆိုင်​ရာ ​ရှင်း​လင်း​ပွဲ​နဲ့ ​လူ​ထု​ဆ​န္ဒ​ခံ​ယူ​ပွဲ​ကို ​နေ​ပြည်​တော်​နယ်​မြေ ​ရဲ​စ​ခန်း​က ​ခွင့်​မ​ပြု​ဘဲ ​ရှိ​ရာ​က​နေ ​ဒီ​နေ့ ​ခွင့်​ပြု​လိုက်​တာ ​ဖြစ်​ပါ​တယ်။

အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ်​က  ​ဖွဲ့​စည်း​ပုံ​အ​ခြေ​ခံ​ဥ​ပ​ဒေ​ဆိုင်​ရာ ​ပြည်​သူ့​ဆ​န္ဒ​သ​ဘော​ထား​ရ​ယူ​ရေး ​လူ​ထု​ဟော​ပြော​ပွဲ ​နေ​ပြည်​တော်​မှာ ​ကျင်း​ပ​ဖို့ ​ခွင့်​ပြု​ချက်​တောင်း​ခံ​ရာ​မှာ ​အ​ချက်​အ​လက်​မ​စုံ​ဘူး​၊ ​လုပ်​မယ့်​နေ​ရာ​ဟာ ​ရုံး​ဌာ​န​တွေ​နဲ့​နီး​ပြီး ​ရုံး​သွား​ကျောင်​သွား​ချိန်​ဖြစ်​နေ​တာ​ကြောင့် ​ခွင့်​မ​ပြု​နိုင်​ဘူး​လို့ ​သက်​ဆိုင်​ရာ​နယ်​မြေ​စ​ခန်း​မှူး​က ​နိုဝင်​ဘာ ၁၄ ​ရက်​မှာ ​အ​ကြောင်း​ပြန်​ခဲ့​တာ​ဖြစ်​ပါ​တယ်။

nld cover​ဒီ​နေ့​မှာ​တော့ ​ဇ​မ္ဗူ​သီ​ရိ​မြို့​နယ် ​ထွေ​အုပ်​နဲ့ ​မြို့​နယ်​ရဲ​မှူး​က ​အန်​အယ်လ်​ဒီ​တာဝန်​ရှိ​သူ​တွေ​ကို ​ညှိ​နှိုင်း​ခေါ်​ယူ ​ဆွေး​နွေး​ပြီး​နောက် ​နေ​ပြည်​တော် ​ပြည်​သူ့​ဆ​န္ဒ​ခံ​ယူ​ပွဲ​ကို ​မူ​လ ​သတ်​မှတ်​ထား​တဲ့ ​နေ့​ရက်၊ ​အ​ချိန်၊ ​နေ​ရာ​အ​တိုင်း ​ဆက်​လက် ​ကျင်း​ပ​ခွင့် ​ပြု​ခဲ့​တယ်​လို့ ​ဒေါ်​စ​န္ဒာ​မင်း​က ​ပြော​ပါ​တယ်။

“​သူ​တို့​က ​ပ​ထ​မ ​ငြင်း​ပယ်​တဲ့​စာ ​ထုတ်​ပြီး​ပြီ​ဆို​တော့ ​အ​ခု ​ကျ​မ​တို့​ကို ​အ​ယူ​ခံ​တင်​ခိုင်း​တယ်။ ​ကျ​မ​တို့​က ​အ​ယူ​ခံ​တင်​လိုက်​ပါ​တယ်။ ​ဒီ​နေ​ရာ​မှာ​ပဲ ​လုပ်​ဆောင်​ခွင့်​ပြု​ပါ၊ ​ကျ​မ​တို့​အ​နေ​နဲ့ ​နေ​ရာေ​ရွှ့​ဆိုင်း​ဖို့​ကို ​အ​ခက်​အ​ခဲ​ဖြစ်​ပါ​တယ်။ ​အဲ​ဒါ​ကြောင့် ​ဒီ​နေ​ရာ၊ ​ဒီ​နေ့​၊ ​ဒီ​အ​ချိန်​မှာ​ပဲ ​ပြန်​လုပ်​ချင်​ပါ​တယ်​ဆို​ပြီး ​အ​ယူ​ခံ​ထပ်ဝင်​ရ​ပြီး ​ခွင့်​ပြု​မိန်​ရ​ရှိ​ခဲ့​တယ်” ​လို့ ​ပြော​ပါ​တယ်။

အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ်​ရဲ့ ​နေ​ပြည်​တော် ​အ​ခြေ​ခံ​ဥ​ပ​ဒေ​ရှင်း​လင်း​ပွဲ​ကို ​လာ​မယ့် ​နိုဝင်​ဘာ ၁၈ ​ရက်၊ ​မ​နက် ၈ ​နာ​ရီ​မှာ ​ဇ​ဗ္ဗူ​သီ​ရိ​မြို့​နယ်၊ ​လက်​ပံ​ခါး​လှ​ကျေး​ရွာ​မှာ ​ပြု​လုပ်​မှာ​ဖြစ်​ပါ​တယ်။

အန်​အယ်လ်​ဒီ ​ပါ​တီ​က ​ဥ​ပ​ဒေ​ပ​ညာ​ရှင်​တွေ​ဖြစ်​တဲ့ ​ဦး​၀င်း​မြင့်​နဲ့ ​ဦး​အောင်​ကြည်​ညွန့်​တို့​က ​ဖွဲ့​စည်း​ပုံ​နဲ့​ပတ်​သက်​ပြီး ​ရှင်း​လင်း​တင်​ပြ​ကြ​မယ်၊ ​ပြီး​ရင် ​ပြည်​သူ့​ဆ​န္ဒ​သ​ဘော​ထား​ရ​ယူ​ကြ​မှာ ​ဖြစ်​ပါ​တယ်။

ပြီး​ခဲ့​တဲ့ ​နိုဝင်​ဘာ ၁၀ ​ရက်​နေ့​က​လည်း ​အန်​အယ်​ဒီ​ပါ​တီ​ရဲ့ ​ရန်​ကုန်​တိုင်း​လုံး​ကျွတ် ​ပြည်​သူ့​ဆ​န္ဒ​ရ​ယူ​ပွဲ ​ပြု​လုပ်​ခဲ့​ပြီး ​အ​များ​စု​က ​ဖွဲ့​စည်း​ပုံ​ပြင်​ဖို့ ​ဆ​န္ဒ​ပေး​ခဲ့​ကြ​ပါ​တယ်။

by ဒီဗွီဘီ