အင်းတော်မြို့နယ်၌ ရထားကြိတ်၍ လူတစ်ဦး သေဆုံး

ပို့စ်တင်ချိန် - 11/12/2013 12:13:00 PM


မုံရွာ နိုဝင်ဘာ ၁ဝ

စစ်ကိုင်းတိုင်း ဒေသကြီး အင်းတော်မြို့ အောင်မေတ္တာရပ်ကွက် အင်းတော်ဘူတာ၌ နိုဝင်ဘာ ၈ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၅ဝ က ရထားကြိတ်၍ လူတစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ အင်းတော်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အင်းတော်ဘူတာတွင် ရထားကြိတ်၍ လူတစ်ဦး သေဆုံးကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ အင်း တော်မြို့ အောင်မေတ္တာ ရပ်ကွက်နေသူ ထိန်လင်းစိုး ၄၅ နှစ် (ဘ) ဦးဝင်းဘိုသည် အင်းတော်ဘူတာ သံလမ်း(၃)၌ သစ်လုံးတင် ရထားတွဲ ရှန်တိန်ပြုလုပ်စဉ် ရထားတွဲ စက်အောက် ဖြတ်ကူးရာ မှ ရထားကြိတ် ခံရပြီး ခါးပြတ်ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း စစ်ဆေး တွေ့ရှိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ်၊မဟုတ် စစ်ဆေးနိုင်ရန် အင်းတော်မြို့မ ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၁၆/၂ဝ၁၃ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီ