ပဲခူးတက္ကသိုလ်ဝန်းအတွင်းလူသတ်မှုတစ်ခုဖြစ်ပွား

ပို့စ်တင်ချိန် - 11/04/2013 09:27:00 AM


ပဲခူးမြို့၊ အမှတ်(၃) ရဲစခန်းအပိုင်၊ ပဲခူးတက္ကသိုလ်ဝန်း၊ အမှတ်(၈)ရပ်ကွက်တွင်(၂.၁၁.၂၀၁၃)နေ့ ည(၁၀း၀၀)အချိန်ခန့်က လူသတ်မှုတစ်ခုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာပဲခူးတက္ကသိုလ်အဆောက်အဦးများဆောက်လုပ်ရာတွင် သံစီသံကွေးအလုပ်ကိုင်သူ စိုးသူ(၂၇)နှစ်၊(ဘ)ဦးခင်မောင်သန်း၊သည် လည်ပင်း ၀ဲလည်ဂုတ်တွင်ပြရှဒဏ်ရာဖြင့်သေဆုံးနေကြောင်းကို အလုပ်သမားအဖွဲ့ခေါင်းဆောင်မှ စိုးသူ၏ ဇနီး မချိုသန်း၊(၂၈)နှစ်(ဘ)ဦးမြင့်စိုး၊ အမှတ်(၂၉၄)ရွာမအနောက်မြို့ပတ်လမ်း၊ အင်းစိန်မြို့နေသူဆီသို့ ဖုန်းဖြင့်အကြောင်းကြားခဲ့ရာ ၄င်း၏ဇနီးမှာပဲခူးသို့လိုက်လာပြီး စိုးသူသေဆုံးမှုအား ပဲခူးအမှတ်(၃)စခန်းသို့တိုင်တန်း ရာစခန်းမှ သေဆုံးသူအားပဲခူးဆေးရုံသို့ပို့ဆောင်ခဲ့ပြီး (ပ)၄၅၂/၂၀၁၃ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂အရအမှုဖွင့်အရေး ယူထားပြီးတရားခံ အား အပူတပြင်း လိုက်လံ စုံစမ်း ဖေါ်ထုတ် လျှက်ရှိကြောင်း သတင်းရရှိသည်။

ကိုသန့် ဇင်
Myanmar News Now