မဟာနန်းတွင် ပတ်စပို့စာအုပ်မရသူများသံရုံးတွင်သွားရောက်ထုတ်ယူနိုင်

ပို့စ်တင်ချိန် - 11/26/2013 06:06:00 PM


26.11.2013 (မလေးရှား)

မလေးရှားရောက် မြန်မာများမှ မဟာနန်းစားသောက်ဆိုင်တွင် ပါမစ်လျှောက်ထားပြီး ပတ်စပို့စာအုပ် အပ်ထားသည့်သူများထဲမှ ပါမစ်မရရှိပဲ စာအုပ်ပြန်လည်ထုတ်ယူလိုသော သူများအနေဖြင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ မြန်မာသံရုံးတွင် သွားရောက်ထုတ်ယူနိုင်ကြောင်းသိရသည် ။

အကြောင်းမှာ မဟာနန်းစားသောက်ဆိုင်မှ ဆိုင်ပိတ်သွားပြီး၎င်းတို့ထံတွင် ကျန်ရှိနေသော ပါမစ်မကပ်ရသေးသည့် ပတ်စပို့စာအုပ် ၃၁၉ အုပ်ကို မြန်မာနိုင်ငံသံရုံးသို့သွားရောက် အပ်နှံထားကြောင်းသိရသည် ။

သို့ပါသောကြောင့် မဟာနန်းတွင် ပတ်စပို့ ရရှိရန် ကျန်သောသူများ အနေဖြင့် မိမိတို့ နာမည် ၊ မွေးနေ့ ၊ အထောက်အထားတို့ဖြင့် သွားရောက် ရွေးယူနိုင်ကြောင်းသိရသည် ။

Credit to : မလေးရှားရောက်မြန်မာများ