ဦးခင်ညွန့်အား လက်လွတ်စပယ် မပြောရန် ဇာဂနာသတိပေး

ပို့စ်တင်ချိန် - 11/13/2013 05:24:00 PM


ဦးခင်ညွန့်နှင့် ပတ်သက်၍ ရန်ကို ရန်ဖြင့်တုံ့နှင်းခြင်းနှင့် လက်စားချေခြင်း မျိုးပြုလုပ်မည် မဟုတ်ဟု ဦးသူရ (ဇာဂနာ)က ပြောလိုက်သည်။

ဝေါစထရိ ဂျာနယ်၊ အင်တာနက် ဝက်ဆိုက်တွင် ဖော်ပြထားသည့် ဦးခင်ညွန့် နှင့် အင်တာဗျူး ဆောင်းပါးနှင့် ပတ် သက်၍ ၄င်းက ပြောခဲ့ခြင်းဖြစ်သည်။

”ဒီစာတွေကို လွန်ခဲ့တဲ့ လေးပတ် လောက်က ဖတ်ခဲ့ရပါတယ်။ သြော်သူ ပြောတာပြောပါစေ။ အကောင်း ထင်ပြီး လွှတ်ပေးခဲ့ပါတယ်။ ကျွန်တော် ရန်ကို ရန်ခြင်း မတုံ့ပြန် ဘူး။ လက်စားလည်း မချေပါဘူး။ လူချင်းတွေ့တုန်း ကလည်း ဒီအတိုင်း ပြောခဲ့ပြီးသားပါ”ဟု ဇာဂနာ က ပြောသည်။

ဇာဂနာ အနေဖြင့် နိုင်ငံရေး အကျဉ်း သား ကော်မတီတွင် ပါဝင်ပြီး နိုင်ငံရေး အကျဉ်းသား များနှင့်အတူ အကျဉ်းထောင် ထဲတွင် ကျန်ရှိနေသေးသည့် ထောက် လှမ်းရေး ၂၂ ယောက် ကိုလည်း လွှတ် ပေးရန် ကိုကိုကြီး၊ ကိုရဲအောင်၊ ကိုညွန့် ထွန်း တို့နှင့်အတူ သမ္မတကြီးထံ စာတင်ခဲ့ ကြောင်း သိရသည်။

၎င်းက ဆက်၍ ”ဒီလိုပြောတာကို ထိုင်ကြည့်နေ ရလောက်အောင်လည်း ကျွန်တော် တို့မှာ ခွင့်လွှတ်စရာ မရှိတော့ဘူး။ ဖမ်းဆီးခံရတဲ့ လူတွေ၊ မိသားစု ဖျက်ဆီးခံ ရတဲ့ လူတွေ အတွက် ကျွန်တော့်မှာ တာဝန် ရှိတယ် လို့ ပြောတာပါ”

”ဦးခင်ညွန့် လက်ထက်မှာ အဖမ်းခံ ရတဲ့ လူတွေ အများကြီးပဲ။ ဘယ်လောက် အထိ အနှိပ်စက်ခံရလဲ မိသားစုတွေ ဘယ်လောက် ဒုက္ခ ရောက်ခဲ့လဲ အဲဒီလူ တွေ မသေ ကြသေးပါဘူး”

”ဦးခင်ညွန့်မြေး ကို ထောက်လှမ်း ရေးတွေ လိုက်နေတာ မလုပ်ပါနဲ့။ သူတို့ ခေတ်က ဒါတွေ မလိုက်ခဲ့ပါဘူး။ အဲဒီ ထက်ဆိုးတာ အများကြီး။ ဒါကို ကျွန်တော် တို့က ငြိမ်ပြီး နာခံရမှာလား။ ဒါ ပေမဲ့ ဒီလိုမျိုး သူတို့ မသိပါဘူးမလုပ်ပါဘူး ဆိုတာ ကတော့ လုံးဝ သည်းမခံနိုင်ဘူး”

”ကျွန်တော် ဆိုရင်ဆရာဝန်၊ ဆရာ ဝန်ဖြစ်ကြောင်း လက်မှတ်သွား တောင်း တာတောင် အငြင်းခံရတယ်။ နိုင်ငံခြား ကိုလည်း မိသားစုပဲ သွားခွင့် ရတယ်။ ဒါလား သူ မလုပ်ခဲ့ပါဘူး ဆိုတာ”ဟု ၄င်း က မေးခွန်းထုတ်လိုက်သည်။

၎င်းက ဆက်လက်၍ ”ဦးခင်ညွန့်နဲ့ ထောက်လှမ်းရေးတွေ နှိပ်စက်လို့ ခေါင်း ငုံ့ခံခဲ့ရတဲ့ လူတွေ မသေကြသေးပါဘူး။ သက်ရှိ ထင်ရှား အများကြီး ကျန်သေး တယ်” ဟု ၄င်းက ပြောသည်။

”ကျွန်တော်တို့က အငြိုးမထား ဘူး။ အဲလောက်ကြီး လက်လွတ်စပယ် မပြောပါနဲ့။ သူ့ကို ဘယ်သူမှ ဓား နဲ့မထိုး တုတ်နဲ့မရိုက်ပါဘူး” ဟု ၄င်းက ပြော ကြားခဲ့သည်။

”သူ ဒီလိုပြောတာ သူ့ကို လူမုန်း ပိုများမယ်။ ထောင်ထဲမှာ လွတ်ဖို့ သူ့လူ တွေ ၂၂ ယောက်တောင် ကျန်သေး တယ်တဲ့။ အဲဒီ လူတွေ အတွက် ပိုအခက် အခဲ မရှိပေ ဘူးလား။ ဘာကောင်းကျိုး မှ မရှိဘူး” ဟု သူ့အမြင် ကိုပြောသည်။

ထူးထူး
Popular Myanmar News Journal