ဒဏ်ရာလျင်မြန်စွာ ပျောက်ကင်းရေ ခေတ်မီစက်ကိရိယာဖြင့် မီချူး လေ့ကျင့်

ပို့စ်တင်ချိန် - 11/16/2013 02:55:00 PM


မီချူးသည် တစ်လမျှ အနားယူရမည့် အခြေအနေ ရှိနေပြီး လတ်တလောတွင်မူ ကြံ့ခိုင်မှု လေ့ကျင့်ခန်းများ တဖြည်းဖြည်း ပြန်လည်စတင် လုပ်ဆောင်နေပြီ ဖြစ်သည်။

ဆွမ်ဆီးတိုက်စစ်မှူး မီချူးသည် ဒဏ်ရာလျင်လျင်မြန်မြန် ပျောက်ကင်းရေးအတွက် ကမ္ဘာမြေ ဆွဲအားကို ဆန့်ကျင်သည့် ကုထုံးမျိုး ထောက်ပံ့ပေးသည့် စက်ကိရိယာဖြင့် လေ့ကျင့်ခန်းယူနေကြောင်း သိရှိရသည်။ အဆိုပါ ခေတ်မီကိရိယာ၏ အထောက်အပံ့ကို ရယူခြင်းဖြင့် စပိန်လက်ရွေးစင် ကစားသမား၏ ဒဏ်ရာရရှိမှု အချိန်ကာလကို လျှော့ချနိုင်ရန် ဆွမ်ဆီးမန်နေဂျာ မိုက်ကယ် လော့ဒရပ်က မျှော်လင့်နေသည်။ မီချူးသည် တစ်လမျှ အနားယူရမည့် အခြေအနေ ရှိနေပြီး လတ်တလောတွင်မူ ကြံ့ခိုင်မှု လေ့ကျင့်ခန်းများ တဖြည်းဖြည်း ပြန်လည်စတင် လုပ်ဆောင်နေပြီ ဖြစ်သည်။

၎င်းသည် နိုဝင်ဘာလ (၃)ရက်နေ့က ကားဒစ်ဖ်စီးတီးနှင့် ကစားသည့် ဝေလဒါဘီ ပွဲစဉ်တွင် ခြေကျင်းဝတ်နှင့် ဒူးတို့၌ ဒဏ်ရာများ ရရှိခဲ့သည်။ မီချူးသည် ဒဏ်ရာကြောင့် စပိန်လက်ရွေးစင် အသင်း၏ ခြေစမ်းပွဲများအဖြစ် အီကွေတိုရီရယ်လ် ဂီနီအာ၊ တောင်အာဖရိကတို့နှင့် ကစားမည့် လူစာရင်းတွင်လည်း အရွေးချယ် မခံရတော့ချေ။ အသက်(၂၇)နှစ်ရှိ ကစားသမားသည် ယခုအခါ အဆင့်မြင့် နည်းပညာသုံး ကိရိယာဖြင့် လေ့ကျင့်နေသော ဓာတ်ပုံတစ်ပုံကို အသင်းဖော် အယ်လ်ဗာရို ဗက်ဇ်ကွက်ဇ်က Twitterတွင် လွှင့်တင်ခဲ့သည်။ မီချူးအနေဖြင့် ဒဏ်ရာသက်သာမှု အခြေအနေ နှောင့်နှေးမှု မရှိပါက ဇန်နဝါရီလ အစောပိုင်းတွင် ပြန်ကစားနိုင်ရန် အသင်းက မျှော်လင့်ထားကြောင်း သိရှိရသည်။

Planet Myanmar Network