ကိုရီးယားမှ စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး ရန်ပုံငွေ ကန်ဒေါ်လာသန်း ၅၀၀ မြန်မာကို ချေးမည်

ပို့စ်တင်ချိန် - 11/01/2013 06:17:00 PM


နေပြည်တော် ၊ အောက်တိုဘာ ၃၁။ ။ မြန်မာနိုင်ငံသို့ ကိုရီးယားနိုင်ငံမှ စီးပွားရေးပူးပေါင်းဆောင်ရွက် ရေး ရန်ပုံငွေ အမေရိကန်ဒေါ် လာ သန်း ၅၀ဝချေးငှားမည်ဖြစ် ပြီး ယင်းငွေထဲမှ ဆက်သွယ်ရေး နှင့် လျှပ်စစ်စီမံ ကိန်းနှစ် ခု အတွက် အမေရိကန်ဒေါ်လာ ၁၅၅ ဒသမ ၈၇၄သန်းချေးငှား ရန်အတွက် နိုင်ငံတော်သမ္မတမှ ပြည်ထောင် စုလွှတ်တော်သို့ အောက်တို ဘာ ၃ဝရက်စွဲဖြင့် သဝဏ်လွှာပေးပို့ ထားကြောင်း သိရသည်။

ယင်းချေးငွေ၏ အောက် တွင် ဆက်သွယ်ရေးနှင့်သတင်း အချက်အလက် နည်းပညာဝန် ကြီးဌာနမှ ဆက်သွယ်ရေးသ တင်းအချက်အလက် နည်းပညာ အခြေခံအဆောက်အအုံ ကွန် ရက်တိုးချဲ့တည်ဆောက်ရေး စီ မံကိန်း အတွက် အမေရိကန်ဒေါ် လာ ၅၅ ဒသမ ၈၇၄သန်း၊ လျှပ် စစ်စွမ်းအား ဝန်ကြီးဌာနမှ ၅၀၀ ကေဗွီ တောင်ငူ၊ ကမာနတ်ဓာတ် အားလိုင်း တည်ဆောက်ရေး စီမံ ကိန်းအတွက် အမေရိကန်ဒေါ် လာသန်း ၁၀၀၊ စုစုပေါင်း အ မေရိ ကန်ဒေါ်လာ ၁၅၅ ဒသမ ၈၇၄ သန်းနှင့်ညီမျှသော ကိုရီး ယားဝမ်အား ချေးယူလိုကြောင်း၊ ချေးယူရမည့် သဘောတူညီချက် မှာ ဆိုင်းငံ့ကာလ ၁၅နှစ်၊ ပြန် ဆပ်ကာလ၂၅ နှစ်ဖြင့် စုစုပေါင်း နှစ် ၄ဝဖြစ်ကြောင်း ၊ အတိုးနှုန်း မှာ တစ်နှစ်လျှင် သုညဒသမ ဝ၁ ရာခိုင်နှုန်းဖြစ်ပြီး ကျ သင့် အတိုးကို ခြောက်လတစ်ကြိမ်ပေး သွင်းရန်၊ ဆိုင်းငံ့ကာလကုန်ဆုံး ပါက ချေးငွေအား တစ်နှစ်လျှင် နှစ်ကြိမ်ခွဲ ၍ပေးဆပ် ရန်နှင့် ဆောင် ရွက်ခအဖြစ် ချေးပေးငွေပမာဏ ၏ သုည ဒသမ ဝ၁ရာခိုင်နှုန်း ပေးဆောင်ရန်ဖြစ်ကြောင်း၊ ပေးဆပ်မှုနောက်ကျပါက မူလ အတိုးနှုန်းအပေါ်တွင် တစ်နှစ် လျှင် နှစ်ရာခိုင်နှုန်းထပ်ဆောင်း ပေးဆောင် ရမည်ဖြစ်သည်။

သို့ဖြစ်သည့်အတွက် ကိုရီး ယားသမ္မတနိုင်ငံ EDCF အတိုး နှုန်း သက်သာသော ချေးငွေအ မေရိကန်ဒေါ်လာသန်း ၁၅၅ ဒသမ ၈၇၄ ရယူပြီး ဆက်သွယ် ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနနှင့် လျှပ် စစ်စွမ်းအား ဝန်ကြီးဌာနတို့၏ စီမံကိန်းနှစ်ခုကို အကောင်အထည် ဖော်ဆောင်ရွက်လိုသဖြင့် ၂၀၁၃ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာ ငွေအရအသုံးဆိုင်ရာ ဥပဒေပုဒ်မ- ၉ပါ ပြဋ္ဌာန်းချက်အရ ပြည်ထောင် စုလွှတ်တော်မှ အတည်ပြုချက် ရယူ ပေးရန် သဝဏ်လွှာပေး ပို့ထား သည်။
Yangon Media Group
မောင်ပိုင်