ဘယ်အရာမှ မပြင်ဘဲထားလို့မရပါ

ပို့စ်တင်ချိန် - 11/09/2013 09:10:00 AM


• ဆန်ကော၊ ပြည်တောင်း၊ တင်းတောင်းတွေကို ကြာရှည်ခံအောင် စစ်စေးသုတ်ထားရတယ်။
• ဝင်းထရံကို ပိုးမထိုး ချမတက်အောင် ရေနံချေးသုတ်ထားရတယ်။
• ဆေးရုံမှာ လူသေတွေကို မပုပ်စေအာင် ရင်ခွဲတိုက် (အေးခဲခန်း) ထဲမှာထားရတယ်။
• ဆေးကျောင်းမှာ လူသေအလောင်းတွေကို မပုပ်သိုးအောင် (ဖေါ်မလင်) ဆေးရည်စိမ်ထားရတယ်။
• ဖွဲ့စည်းပုံကြီး မပျက်စီးအောင် (ဘားတိုက်) မှာထားပြီး ကြံ့ခိုင်ရေးလုပ်ပေးနေရတယ်။

• စစ်စေးသုတ်လဲ တနှစ်တခါ၊ ရေနံချေးကိုလဲ တနှစ်တခါ အသစ်သုတ်ပေးရတယ်။
• ရေခဲတိုက်ထဲမှာလဲ အကြာကြီးထားမရဘူး။
• ဖေါ်မလင်ထဲစိမ်ထားတာလဲ ဆေးကျောင်းသားတွေ အတန်းတက်သွားရင် အသစ်လာမှရတယ်။
• ဘာပစ္စည်းဖြစ်ဖြစ် ကြံ့ခိုင်ရေးလုပ်တယ်ဆိုတာ ချောင်တာတွေကြပ်ပြီး၊ ပျက်တာတွေကို အသစ်ပြင်ရာသာ ဖြစ်တယ်။ ဘယ်အရာမှ ကြာကြာမခံပါ။

• မပြင်ဘဲနေရင် ပိုးထိုးမယ်၊ ချစားတယ်။

ဒေါက်တာတင့်ဆွေ