မှားယွင်းချက်တွေနဲ့ ဖာဂူဆန်ရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ

ပို့စ်တင်ချိန် - 11/24/2013 11:39:00 AM


အဲလက်စ် ဖာဂူဆန်၏ ရောင်းအားအကောင်းဆုံး ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ စာအုပ် ‘My Autobiography’ စာအုပ်၌ မှားယွင်းချက် ၄၅ ချက်အား စာဖတ်သူများ က ထောက်ပြပြောဆိုခဲ့သည်။

၎င်း စာအုပ်သည် ယူကေ၏ သုတစာအုပ်များထဲ၌ တစ်မဟုတ်ချင်း ရောင်းကောင်းခဲ့ပြီး ပထမ သီတင်းပတ် အတွင်း အုပ်ရေ ၁၁၅၅၄၇ ရောင်း ရခဲ့သည်။

သို့ရာတွင် စာမျက်နှာ ၄ဝ၂ မျက်နှာပါ ရှိသည့် အဆိုပါ စာအုပ်၌ မှား ယွင်းချက် ၄၅ ချက်အား တွေ့ရှိခဲ့ ရသောကြောင့် စာဖတ်သူများ စိတ် အနှောင့် အယှက်ဖြစ်ခဲ့ ရသည့် အတွက် Hodder and Stoughton ထုတ်ဝေ ရေးမှ စာအုပ်ဖိုး ကုန်ကျငွေ ပြန်လည်ပေးအပ် သွားမည် ဖြစ်ကြောင်းဆိုသည်။

ဖာဂူဆန် အတ္ထုပ္ပတ္တိ စာအုပ် များအား တန်ဖိုးငွေပြန် လဲပေးသွားမည် ဖြစ်ကြောင်း Hodder and Stoughton ထုတ်ဝေရေးမှ CEO ဂျေမီ ဟော့ဒါက ပြောကြားသည်။

”ကျွန်တော်တို့ ဒီစာအုပ်ထဲမှာ ပါတဲ့ အချက်တွေကို အကြိမ်ကြိမ် စစ် ဆေးခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အဖွဲ့တွင်းမှာလည်း စစ်ဆေး ခဲ့ပြီး ဘောလုံးရေးရာ ကျွမ်းကျင် သူများနဲ့လည်း စစ်ဆေးခဲ့တာပါ” ဟု မစ္စတာ ဟော်ဒါဝီလျံ က ပြောကြားသည်။

”စာဖတ်သူ တစ်ဦးကလည်း စာအုပ်ထဲမှာ အမှားတွေကို ဖတ်ရတဲ့ အတွက် စိတ်မချမ်းမြေ့ကြောင်း ကျွန်မတို့ဆီ ကို စာရေးပို့တယ်။ ဘာတွေ မှားလဲ ဆိုတာတော့ မပြောသွားပါဘူး” ဟု Hodder and Stoughton မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

TW
Ref: Daily Mail
Popular Myanmar News Journal