ပြည်သူကို အကျိုးမပြုတဲ့ သုံးခွ ရေထိန်းတံခါး ကိစ္စ အဖြေရှာမည်ဟုဆို

ပို့စ်တင်ချိန် - 11/26/2013 09:40:00 AM


ရန်ကုန်တိုင်း သုံးခွမြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စုစုလွင်က  နိုဝင်ဘာလ(၂၅)ရက်နေ့ တွင် ပြုလုပ်သော မြို့နယ်၊ ရပ်/ကျေး အလုပ်အမှုဆောင်များ တွေ့ဆုံဆွေးနွေးပွဲတွင် ဒေသတွင်းရှိ ရေထိန်းတံခါးများနှင့်ပတ်သက်၇်ျ ပွင်းလင်းပြတ်သားစွာပင် ဝေဖန် ထောက်ပြလိုက်ပါတယ် ။

ကျွန်မအနေနဲ့ရွေးကောက်ပွဲ မ၀င်စဉ်ကတည်းက ဒီရေထိန်းတံခါးတွေဟာ ပြည်သူကို အကျိုးပြုနိုင်မှု မရှိဘူးဆိုတဲ့ တင်ပြချက်တွေ လက်ခံရရှိခဲ့သလို ဒေသအတွင်းမှာ ရေထိန်းတံခါး စီမံကိန်းတွေကို သုံးခွ တစ်မြို့တည်းအတွက် မဟုတ်ပဲ ဒေသအတွင်း မိုင်သုံးဆယ်ပတ်လည် စိမ်းလန်းစိုပြေရေး စီမံကိန်းအနေဖြင့် ဆောင်ရွက်ခဲ့တာ ဖြစ်သော်လည်း စီမံကိန်းကို အဆုံးသတ် အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိသလို ဒေသအတွင်း အကျိုးပြုမှုလည်း မရှိတဲ့အပြင် ပြည်သူတွေရဲ့  လမ်းပန်းဆက်သွယ်ရေးမှာ ခက်ခဲနှောက်နှေးကြံ့ကြာမှုတွေ ဖြစ်ပေါ်နေရသလို လယ်ယာစိုက်ပျိုးရေးအတွက် အခက်အခဲတွေ၊ ရေကြီးရေလျှံမှုတွေ စတဲ့လူမှုဒုက္ခတွေခံစား နေရတဲ့အတွက် အကောင်းဆုံး အဖြေတစ်ခုရအောင် ကျွမ်းကျင်ပညာရှင်တွေရယ်၊ ဒေသခံများနှင့် လေ့လာရေး အဖွဲ့ငယ် တစ်ခုဖွဲ့စည်းလေ့လာ သုံးသပ်ပြီး သင့်တော်တဲ့ အဖြေတစ်ခု ဖြစ်ထွန်းထွက်ပေါ်လာအောင် တောင်းဆိုသွားမယ်။ ဒီလိုဆောင်ရွက်ရာမှာ မြန်နိုင်သမျှ မြန်အောင်ဆောင်ရွက်ရမှာ ဖြစ်တဲ့ အတွက် နှေးကွေးလေးဖင့်နေချင်သူများ ကျန်ရစ်နေခဲ့စေချင်ကြောင်း ပြတ်သားပွင့်လင်းစွာ ဆွေးနွေးဖြေကြားခဲ့ပါသည်။




by Thit Htoo Lwin