ဇောင်းတူ ရဲစခန်းအပိုင်တွင် ကြိုးဆွဲချ သေဆုံးမှု တစ်ခုဖြစ်ပွား

ပို့စ်တင်ချိန် - 11/18/2013 12:14:00 PM


ပဲခူးမြို့နယ်၊ ဇောင်းတူ ရဲစခန်းအပိုင်၊ ဇီးတောကျေးရွာအုပ်စု၊ သဲဖြူရွာတွင် (၁၇.၁၁.၂၀၁၃)နေ့ နေ့လည်(၂း၀၀)အချိန်တွင် ကြိုးဆွဲချသေဆုံးမှု တစ်ခုဖြစ်ပွားခဲ့ရာ အခင်းဖြစ်နေရာသို့ဇောင်တူးရဲစခန်းမှ စခန်းမှူးရဲအုပ် ၀င်းနိုင်နှင့်အဖွဲ့သည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ ဌေးလွင်(၄၀)နှစ်၊ (ဘ)ဦးအောင်သန်း၊ ဗမာ/ဗုဒ္ဂ၊ လယ်လုပ်၊ သဲဖြူကျေးရွာနေသူသည် ၄င်း၏ဖခင် ဦးအောင်သန်း၏ ခြေတံရှည်တဲအတွင်းရှိ အမြင့်(၈)ပေခွဲခန့်ရှိ သစ်သားထုတ်တန်းတွင် တစ်မတ်လုံးခန့်၊ပလပ်စတစ်နိုင်လွန်ကြိုး၊အရှည်(၉)ပေ(၇)လက်မခန့်ရှိ ကြိုးအား ထုတ်တန်းပေါ်ကျော်ကာ နှစ်ခေါက်ခေါက်၍ လည်ပင်းတွင် ကွင်းလျှောချီလျှက် မြေကြီးနှင့်(၆)လက်မခန့်အကွာတွင် လည်ပင်းယာဘက်စောင်းပြီး နှာခေါင်းနှင့်ပါးစပ်မှ သွေးများစီးကျ၊ ပါးစပ်ဟမျက်စိမှိတ်လျှာ ထွက်လက်သီးဆုပ်ပြီး သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ဇောင်းတူတိုက်နယ်ဆေးရုံသို့ပို့ဆောင်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ်စစ်ဆေးလျှက်ရှိပြီး ဇောင်းတူရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၅/၂၀၁၃အရ အမှုဖွင့် အရေးယူ ထားကြောင်း သတင်းရရှိသည်။

ကိုသန့် ဇင်

by Thit Htoo Lwin News