မ.ထ.သ ယာဉ်လိုင်းများ ကားများတွင် GPS စနစ်တပ်ဆင်ရန် စီစဉ်လျက်ရှိ

ပို့စ်တင်ချိန် - 11/26/2013 11:44:00 AM


လာမယ့် ဒီဇင်ဘာလအတွင်း ကစတင်ပြီး မ.ထ.သ ယာဉ်လိုင်း မှ
ကားများကို GPS စနစ်များ တပ်ဆင်ပြေးဆွဲသွားရန်စီစဉ်ဆောင်ရွက်လျက်
ရှိကြောင်း မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ
(ဗဟို) မှ တာဝန်ရှိသူ တစ်ဦးထံမှ သိရပါတယ်။ အဆိုပါ လိုင်းကားများတွင်
GPS စနစ် တပ်ဆင်ခြင်း လုပ်ငန်းစဉ်များ အားဂျပန်နိုင်ငံ အခြေစိုက် ကုမ္ပဏီ
တစ်ခုနဲ့ မ.ထ.သ တို့ပူးပေါင်း လုပ်ဆောင်ရန် စီစဉ်နေကြခြင်းဖြစ်ပြီး ၊ယခင်
ကလည်း ယခုကဲ့သို့ လိုင်းကားများတွင် GPS စနစ်များတပ်ဆင်ရန် နိုင်ငံခြားကုမ္ပဏီများက လာရောက်ညှိနှိုင်းမှုများရှိခဲ့
ဖူးကြောင်းနဲ့ တပ်ဆင် စရိတ်မြင့်မားမှုများကြောင့် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ ခြင်းမရှိကြောင်းလည်းသိရပါတယ်။

လက်ရှိတွင် ညှိနှိုင်းမှုများ ပြီးစီးလို့ GPS စနစ်စတင် တပ်ဆင် တော့
မယ်ဆိုပါက အဆိုပါ စနစ်အသုံးပြုခများကို မော်တော်ယာဉ်ပိုင်ရှင်များက ပေး
ဆောင်သွားရမှာဖြစ်ပြီး လစဉ် ကျပ်တစ်သောင်း ပေးသွင်းရမှာ ဖြစ်တယ်
လို့သိရပါတယ်။ လက်ရှိတွင် GPS စနစ်တပ်ဆင်မောင်းနှင်ရန် မော်တော်
ယာဉ် ပိုင်ရှင်များဘက်ကလည်း သဘောတူထားပြီးဖြစ်ကြောင်း နဲ့ ရှေ့လ
အတွင်း စတင် တပ်ဆင် အသုံးပြုနိုင်ဖွယ် ရှိကြောင်းလည်းသိရပါတယ်။ GPS
စနစ် တပ်ဆင် မောင်းနှင်မှုများကြောင့် လိုင်းကားများအနေနဲ့ ယာဉ်လမ်း
ကြောများကို ကြိုတင်သိရှိနိုင်မှာဖြစ်သလို မတော်တဆမှုများကိုတောင်ကြိုတင်သိရှိလာနိုင်မှာဖြစ်ကြောင်းလည်း သိရပါတယ်။

လင်းလင်း (IA)
TechSpace Journal