အခုတော့ JTWC (USA) က မုန်တိုင်းသတင်း ထုတ်ပြန်ကြေငြာပါပြီဗျာ။ (ဒေါက်တာထွန်းလွင်)

ပို့စ်တင်ချိန် - 11/19/2013 12:22:00 PM


နိဝင်ဘာ၁၉
9:35 am
ညကတည်းက ကျွန်တော့လက်က ယားလှပြီ။ စိတ်ကလည်းပူလှပြီ။ မုန်တိုင်းကြေငြာချင်နေတာ။
ဘယ်သူကမှလည်း မကြေငြာကြသေးတော့ မိုးလင်းတဲ့အထိတော့ သည်းခံစောင့်လိုက်ပါသေးတယ်။ ဘယ်ကမှ တက်မလာတဲ့အဆုံး မုန်တိုင်းငယ်ဖြစ်ပါပြီလို့ ကျွန်တော်ကြေငြာ လိုက်ပါတော့တယ်။
ဟော အခုမနက်(၈)နာရီခွဲမှာတော့ USA , JTWC က ကြေငြာပါပြီဗျာ။
အားရှိသွားပြီပေါ့ဗျာ။
အရေးကြီးတာက ကိုယ့်ပြည် ကိုယ့်ရွာ ကိုယ့်မြန်မာတွေ ဘေးကင်းဖို့က အဓိကပါ။
မိုးလေ၀သဂြိုဟ်တုများဖြစ်ကြတဲ့ KALPANA-1, MTSAT, NOAA, EUROMET တွေရဲ့ တိုင်းတာချက် ရလဒ်အဖြေတွေအားလုံးဟာ တစ်မျိုးတည်းပါဘဲ။ အနည်းဆုံး မုန်တိုင်းငယ်အဆင့်ကိုရောက်ရှိသွားပြီဆိုတာကိုဖေါ်ပြနေကြပါတယ်။
အိန္ဒိယနိုင်ငံ ဗီဆာကာပတ္တနမ်မြို့( Visakhapatnam,) ရဲ့ အရှေ့တောင်ဖက် 330 nautical miles (400 miles) အကွာ ပင်လယ်ပြင်အပေါ်မှာ ဗဟိုပြုနေပါတယ်။
ညသန်းကောင်ယံပိုင်းက တိုင်းတာချက်တွေကတော့
ဗဟိုချက်ဖိအား 1004 mb,
သတ်မှတ်အမည် 91B,
တည်နေရာ 14.5° N, 87.6°1 E နဲ့
အများဆုံးလေတိုက်နှုန်း တစ်နာရီ မိုင်(၃၅-၄၀)
ခန့်မှန်းရွေ့လျှားမှု အနောက်မြောက်ဖက်
ညနေပိုင်းတွေမှာ ပိုအားကောင်း လာနှိုင်ပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေနဲ့
အလယ်ပိုင်းဒေသအချို့မှာ မုန်တိုင်းရဲ့ တိမ်စွယ်တန်း(spiral bands)တွေကြောင့် မိုးအနည်းငယ်(ခပ်ပါးပါးမိုးဖွဲများ) ရွာနိုင်ပါတယ်။ ဒေါက်တာထွန်းလွင်
Popular Myanmar News Journal