အခိုးခံရတဲ့ဖုန်းများကို အလုပ်လုပ်မှုရပ်ဆိုင်းပေးမယ့် Samsung ရဲ့အစီအစဉ်ကို ငြင်းပယ်ခဲ့ကြ

ပို့စ်တင်ချိန် - 11/20/2013 05:19:00 PM


ကမ္ဘာ့အကြီးဆုံး မိုဘိုင်းဖုန်းထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Samsung က အခိုးခံလိုက်ရသော၊ ပျောက်ဆုံးသွားသော စမတ်ဖုန်းများကို အလုပ်လုပ်မှု ရပ်ဆိုင်းပေးမယ့် "kill switch" ကို စမတ်ဖုန်းများမှာ Install လုပ်ဖို့အစီအစဉ် ရှိကြောင်း တင်ပြထားပါတယ်။ Samsung ရဲ့ အကြံပြုချက်အသစ်နဲ့ ပတ်သက်
ပြီး AT&T, Verizon Wireless, United States Cellular Corp., Sprint Corp. နဲ့ T-Mobile US Inc. တို့က ငြင်းဆန်ကန့်ကွက်မှုများ ရှိခဲ့ကြောင်း လည်း သိရပါတယ်။

Kill switch ကိုအသုံးချပြီး အခြားသူတစ်ယောက်ရဲ့ဖုန်းကို Hacker တစ်ယောက်က ပိတ်ပစ်နိုင်တဲ့အတွက် ဒါကအဖြေမှန်တစ်ခု မဟုတ်ကြောင်း wireless industry တစ်ခုက ပြောကြားသွားပါတယ်။ US မှာ သူခိုးသူဝှက် ၃ ယောက်တွင် ၁ ယောက်က ဖုန်းသူခိုးများ ဖြစ်ကြောင်း Federal Communications Commission က ထုတ်ပြန်ထားပါတယ်။ စမတ်ဖုန်းများ
ပျောက်ဆုံးမှုနဲ့ အခိုးခံရမှုကြောင့် ပြီးခဲ့တဲ့နှစ်က $30 billion အထိ ဆုံးရှုံးမှုရှိကြောင်းလည်း သိရပါတယ်။ kill switch က လုံခြုံမှုမရှိပဲ Hack ဖို့လွယ်ကူတဲ့အတွက်ကြောင့် Carrier များက Samsung ရဲ့အကြံပြုချက်ကို
ငြင်းပယ်ရခြင်း ဖြစ်ပါတယ်။

Guide Magazine