နောက်ပိုင်းမှာ Wireless router တွေအစား မီးလုံးလေးတွေပဲ သုံးရတော့မယ်

ပို့စ်တင်ချိန် - 11/04/2013 01:28:00 PM


မြန်မာနိုင်ငံ တိုးတက်လာတဲ့နောက်ပိုင်းမှာ လူတိုင်းဟာ နေ့တိုင်းနီးပါး အင်တာနက် သုံးပါတယ်။ Bluetooth ကိုတော့ ရံဖန်ရံခါ အသုံးပြုပါတယ်။ အဲဒီနည်းပညာနှစ်ခုလုံးက ရေဒီယိုလှိုင်းတွေကို အသုံးပြုပြီး ဆက်သွယ်တာဖြစ်ပါတယ်။ wifi ကိုသုံးရတာ မြန်ပေမယ့်လို့ တစ်ခါတစ်လေမှာ အတားအဆီးအနှောက်အယှက်တွေ ဖြစ်တတ်ပါတယ်။ ဥပမာ CCTV ကြောင့် လိုင်းနှေးတာတို့၊ မီးဖိုချောင်က မိုက်ခရိုဝေ့ဗ်ကြောင့် လိုင်းမရတာမျိုးတွေ ဖြစ်တတ်ပါတယ်။

ဒါပေမယ့် အခုဆိုရင်တော့ သိပ္ပံပညာရှင်တွေက လိုင်ဖိုင် (Li-Fi) ကိုတီထွင်နေပါပြီ။ Li-Fi ဆိုတာ ဘာပါလိမ့်? Wi-Fi က wireless fidelity ဆိုတာ့ Li-Fi ကတော့ Light Fidelity ဖြစ်ပါလိမ့်မယ်။ ရှင်းရှင်းပြောရရင် မီးလုံးတွေထွန်းပြီး အင်တာနက်ရအောင်လုပ်တာဖြစ်ပါတယ်။

အင်တာနက်အသုံးပြုမယ့်စက်က အဲဒီမီးရောင်နဲ့ ထိတွေ့နေမယ်ဆိုရင် အင်တာနက်သုံးနိုင်မှာဖြစ်ပါတယ်။ ထွန်းထားတဲ့မီးသီးက မီးရောင်ကို မထိဘူးဆိုရင် သုံးလို့မရတာမို့လို့ ဝိုင်ဖိုင်ထက် လုံခြုံမှုရှိပါတယ်။ (ဝိုင်ဖိုင်ဆို ကိုကလွှင့်ထားရင် တစ်ခြားအခန်းက ဝင်သုံးနေနိုင်ပါတယ်၊ လိုင်ဖိုင်ကတော့ ဘေးကလူကိုတောင် မသုံးစေချင်ရင် အလင်းကွယ်ထားလိုက်ရုံပါပဲ ... :D)

CCTV တို့ Microwave မီးဖိုတို့လိုမျိုး ရေဒီယိုလှိုင်းတွေထုတ်တဲ့ စက်တွေကြောင့်လည်း လိုင်းမရတာမျိုးမဖြစ်ပါဘူး။

အခုနောက်ဆုံး ဝိုင်ဖိုင်ရဲ့ အမြန်နိုင်ဆုံး speed က ၈၆၇ megabits per second ဖြစ်ပါတယ်။ လိုင်ဖိုင်မှာတော့ မီးအရောင် တစ်မျိုးကို 3.5 Gigabits per second ရမှာဆိုတော့ ပုံမှန် အနီ၊ အစိမ်း၊ အပြာ ကိုအခြေခံပြီး လုပ်ထားတဲ့ LED မီးသီးလေးတစ်လုံးက 10.5 Gigabits per second အမြန်နှုန်းရမှာ ဖြစ်ပါတယ်။

အားလုံးကတော့ ပိုကောင်းသွားတာတွေချည်းပါပဲ၊ နည်းနည်းကသိကအောက်ဖြစ်ရမှာကတော့ Li-Fi ကို သိပ္ပံပညာရှင်တွေက အခုထိ စမ်းသပ်နေဆဲဖြစ်ပါတယ်။ စောင့်ရဦးမယ် ဆိုပါတော့ ... :)

New Worth - web & mobile solution