ဆီးဂိမ်း ပိတ်ပွဲလက်မှတ် ရောင်းကုန်ပြီ

ပို့စ်တင်ချိန် - 12/18/2013 10:45:00 PM


အများပြည်သူကို ဆီးဂိမ်း ပိတ်ပွဲလက်မှတ် ၈၀၀၀ လောက် ရောင်းချပေးမယ်လို့ ကြေငြာ ထားခဲ့ရာမှာ ခုအခါ အားလုံးနီးပါး ရောင်းကုန်သွားပြီလို့ နေပြည်တော် ဆီးဂိမ်း သတင်းထုတ်ပြန်ရေး အဖွဲ့ဝင်တဦးက အတည်ပြုပြောဆိုပါတယ်။

ပိတ်ပွဲ ကျင်းပမယ့် ၀ဏ္ဏသိဒ္ဓိ အားကစားကွင်းဟာ ပရိတ်သတ် ၃ သောင်းဆန့်ပေမယ့် ဖျော်ဖြေရေးလုပ်မယ့် စင်ဘက်အခြမ်းကိုတော့ လက်မှတ်ရောင်းချခြင်း မရှိပါဘူး။

ကျန်တဲ့ လက်မှတ် ၂ သောင်းလောက်မှာ ၁၂၀၀၀ လောက်ကို သီးသန့်ဖိတ်စာတွေနဲ့ တက်ရောက်စေမှာဖြစ်ပြီး လက်မှတ် ၈၀၀၀ လောက်ကိုတော့ ပြည်သူတွေကို ရောင်းပေးတယ်လို့ ဆိုပါတယ်။

ပြည်သူတွေကို ရောင်းပေးတဲ့ လက်မှတ်တွေမှာ မှတ်ပုံတင်နံပါတ်တွေ ဖြည့်သွင်းရတာမို့ မှောင်ခို ဖြစ်ဖို့ အလားအလာ မရှိဘူးလို့ ဆီးဂိမ်း သတင်းထုတ်ပြန်ရေး အဖွဲ့ဝင် တဦးက ပြောပါတယ်။
DVB Burmese