ပြည်တွင်းလေကြောင်းလိုင်းသစ် နှစ်လိုင်း ထပ်မံပြေးဆွဲမည်

ပို့စ်တင်ချိန် - 12/22/2013 01:34:00 PM


ရန်ကုန် ၊ ၂၂-၁၂-၂၀၁၃

ပြည်တွင်း လေကြောင်း လိုင်းသစ် နှစ်လိုင်း ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်း တွင် ထပ်မံ ပြေးဆွဲမည် ဖြစ်ကြောင်း မြန်မာ့ လေကြောင်း ညွှန်ကြားမှု ဦးစီးဌာန မှ သိရသည်။

အဆိုပါ ထပ်မံ ပြေးဆွဲမည့် လေကြောင်း လိုင်းသစ် နှစ်လိုင်းမှာ မန္တလေး အခြေပြု လေကြောင်းလိုင်း များဖြစ်ပြီး မန်းရာဇာ လေကြောင်းလိုင်း နှင့် စစ်ကိုင်းအဲလိုင်း တို့ ဖြစ်သည်။

" ပြည်တွင်း ခရီးသွားလာမှု တွေ များလာသလို ပြည်တွင်း ခရီးသွား လာရေး ပိုမို ကျယ်ပြန့် အဆင်ပြေ စေဖို့ အတွက် လေကြောင်းလိုင်း တွေလဲ တိုးချဲ့ ပြေးဆွဲ လာကြတယ် .. .. " ဟု လေကြောင်း ညွှန်ကြားမှု ဦးစီးဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

မြန်မာနိုင်ငံ တွင် လက်ရှိ ပြည်တွင်း၌ ပြေးဆွဲနေသော ပြည်တွင်း လေကြောင်းလိုင်း များမှာ Air Bagan ၊ Asia Wings ၊ MAI ၊ ရွှေမြန်မာ လေကြောင်းလိုင်း ၊ Air KBZ ၊ Air Mandalar ၊ Yangon Airway လေကြောင်း တို့ အပါအ၀င် လေယာဉ် အစီးရေ ၅၁ စင်း ဖြင့် ပြေးဆွဲလျက် ရှိကြောင်း သိရှိရသည်။
Myawady News