ပေါက်ကွဲစေတတ်သော အရာများနှင့်ဖမ်းဆီးရမိ

ပို့စ်တင်ချိန် - 12/10/2013 04:22:00 PM


နေပြည်တော်၊ ဒီဇင်ဘာ ၉

၇-၁၂-၂၀၁၃ ရက်နေ့ ၀၈၀၀ အချိန် မန္တလေးတိုင်း ဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ သာယာအေးကျေးရွာလမ်းဆုံ၌ ရမည်းသင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များသည် သာယာအေးနှင့် ၀ါဖြူတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ ပိတ်ဆို့ရှာဖွေရေးဆောင်ရွက်နေစဉ် ရမည်းသင်းမြို့နေ ခွန်ဦးမောင်းနှင်သောဆိုင်ကယ်အား ငှားရမ်းလာသူ ညောင်ရွှေမြို့နယ်၊ နယ်မြေ(၁၆)ကွမ်းဘုံရွာနေ အောင်ဇော်လတ်(၃၉)နှစ် လွယ်ထားသည့်ကျောပိုးအိတ်အား ရှာဖွေစစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာ စနက်တံပါ မီးရှို့ပေါက်ကွဲစေနိုင်သော ၁ဩ လက်မခန့်ရှိ ကက်(၂၉၀)ခု၊ ယမ်းစိမ်းမှုန့် (၁၅)ကျပ်သားပါ ၁ ထုပ်၊ အဖြူရောင်ပိုတက်မှုန့်(၁၀)ကျပ်သားပါ ၁ ထုပ်၊ ခဲယမ်းမှုန့်(၁၀)ကျပ်သားခန့် ၃ ထုပ်၊ ခိုပျံ တံဆိပ်ပါ စနက်တံပါသည့်ကက်(၁၈၀)ခု၊ (၁)ပေပတ်လည်အရွယ်ရှိ ယမ်းထုပ်စက္ကူ ၃ ရွက်၊ ဗျက် ဩ လက်မရှိ စက္ကူတိပ် ၆ ခွေနှင့် အရှည် ၁ ပေခန့်ရှိ ၀ါးချောင်းငယ်(၂၉၀)ချောင်းတို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သောကြောင့် အောင်ဇော်လတ်အား ရမည်းသင်းမြို့မရဲစခန်း (ပ)၂၆၉/၂၀၁၃၊ ပေါက်ကွဲ စေတတ်သောအရာဝတ္တုဆိုင်ရာဥပဒေပုဒ်မ ၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်