ဒဏ်ရာရ စင်္ကာပူမော်ဒယ်များ အလုပ်အကိုင်ပျက်

ပို့စ်တင်ချိန် - 12/21/2013 01:14:00 PM


စင်္ကာပူမော်ဒယ် ၃ ဦးကို လမ်းပေါ်မှာ တိုက်ခိုက် ဆိုတဲ့ ပို့စ်ကို ဒီဘလော့မှာ ဒီတပတ်အတွင်း အဖတ်အများဆုံးဖြစ်နေပါတယ်။

မဖတ်ရသေးဘူး ဆိုရင် စင်္ကာပူမော်ဒယ် ၃ ဦးကို လမ်းပေါ်မှာ တိုက်ခိုက် မှာ ပြန်ဖတ်နိုင်ပါတယ်။

သူတို့အကြောင်း နောက်ဆက်တွဲသိရတာကတော့  ...

သူတို့ကို တိုက်ခိုက်သူ ဘယ်သူဖြစ်တယ်ဆိုတာကို မသိရသေးပါဘူး တဲ့။

မော်ဒယ်တွေကတော့ Ziyi Kuek (၂၃ နှစ်)၊  Esther Lee (၁၉ နှစ်) နဲ့ Anna Huang (၂၁ နှစ်) တို့ဖြစ်ပါတယ်။

အင်္ဂါနေ့က www.divaasia.com  ဆိုတဲ့ ၀က်ဆိုက်မှာ သူတို့ တိုက်ခိုက်ခံရပုံကို တွေ့ရပါတယ်။
ဒဏ်ရာကိုယ်စီနဲ့ သူတို့ရဲ့ အထက်ပါပုံကို သုံးထားပါတယ်။
အတိုက်ခိုက်ခံရပြီးနောက် သူတို့ထဲက တယောက် အလုပ်ဝင်ပါသေးတယ်။ ခေါင်းမူးတဲ့အတွက် အိမ်ပြန်ခဲ့ရပါတယ်။
ဒီဇင်ဘာဟာ မော်ဒယ်တွေအတွက် အလွန့်အလွန် အလုပ်များတဲ့ရာသီ ဖြစ်တဲ့အတွက် သူတို့ ဒဏ်ရာရခြင်းဟာ အင်မတန် ထိခိုက်နစ်နာ အလုပ်ပျက်အကိုင်ပျက်ဖြစ်ရတယ်လို့    FHM  မဂ္ဂဇင်း မျက်နှာဖုံးပေါ် ရောက်ခဲ့ဖူးသူ မော်ဒယ် Ziyi Kuek   က ပြောဆိုကြောင်း အဲဒီသတင်းမှာ ရေးပါတယ်။

ပြီးခဲ့တဲ့ သောကြာ စနေ စင်္ကာပူက ZoukOut ဂီတနဲ့အက ပွဲတော်မှာ မော်ဒယ်အလုပ် လုပ်ကိုင်ဖို့ အစီအစဉ်ရှိခဲ့တာလည်း ပျက်သွားပါပြီ။ အဲဒီပျက်ကွက်မှုအတွက် ဒေါ်လာ ၄ဝဝ နစ်နာသွားတယ်လို့ သူက ဆိုပါတယ်။

အဲဒီပွဲက လူပေါင်း သောင်းနဲ့ချီတက်တဲ့ပွဲဖြစ်တဲ့အတွက် သူတို့ မသွားလိုက်ရတဲ့အတွက် တော်တော်လေး စိတ်ပျက်ခဲ့မှာ အသေအချာပါပဲ။

အောက်ဖော်ပြပါပုံကတော့  မော်ဒယ် Ziyi Kuek  ရဲ့ အမာရွတ်တွေကို တနင်္လာနေ့က ဆရာဝန်စစ်ဆေးနေပုံ ဖြစ်ပါတယ်။ ပုံကို သူ့ဖေ့စ်ဘုတ်ကနေယူပါတယ်။


ဧရာဝတီ သတင်း