ဆင်း နင်းခံရ၍ လူတစ်ဦး သေဆုံး

ပို့စ်တင်ချိန် - 12/14/2013 10:47:00 AM


(၁၃.၁၂.၁၃)ရက်နေ့(၀၈၀၀)အချိန်တွင် တနင်္သာရီတိုင်း ဒေသကြီး ၊ တနင်္သာရီမြို့၊ သိန်ခွန်းကျေးရွာအုပ်စု၊ ကြိမ်ချောင်းကျေးရွာ၏ အ ရှေ့မြောက်ဘက်(၇)မိုင် ခန့်အကွာ ဒေသအ ခေါ် လိပ်ကိုက်ချောင်းရှိ NTT သစ်ထုတ်လုပ်ရေး လုပ်ကွက်တွင် ဆင်ဦးစီး ဦးသာထွေးနှင့် ဆင်နောက်လိုက် အောင်ပို တို့သည် ဖိုးမန်း အမည် ရှိဆင် ထီး၏အနီးတွင်သစ်ဆွဲရန် အတွက်သစ်လုံးများ နဖားဖေါက်နေကြရာမှ ဆင်နောက်လိုက် အောင် ပို(၁၈)နှစ်(ဘ)ဦးသားအို ရှမ်းအင်းတော်ရွာ၊ တနင်္သာရီမြို့နေသူမှဆင် နားသို့ကပ်သွားပြီး ဆင် အားတက်စီးစဉ်ဆင်ပေါ်သို့ အတက်မခံဘဲ နှာမှောင်းဖြင့် တွန်းလှဲပြီး ခြေဖြင့်တက်နင်းခဲ့ရာ အောင်ပို ၏ ရင် ဘတ်နှင့်ဘယ်ဘက်ပေါင် တို့ဒဏ် ရာများရရှိပြီး သေဆုံးခဲ့ပါသည်။ ၄င်းဖြစ်စဉ်ကို တနင်္သာရီမြို့မ ရဲစခန်း မှ သေမှုသေခင်းဖွင့်လှစ် စစ်ဆေးလျက် ရှိကြောင်း Myanmar News Now မှ သတင်းရရှိပါသည်။

thit htoo lwin