အင်ဂျင်နီယာ နည်းပညာသစ်ဆိုင်ရာ စာတမ်းဖတ်ပွဲ ကျင်းပမည်

ပို့စ်တင်ချိန် - 12/29/2013 01:30:00 AM



မန္တလေး ၊ ၂၈-၁၂-၂၀၁၃

ရွှေမန္တလော Express မှ ပံ့ပိုး ကူညီကာ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း (မန္တလေး) နှင့် မြန်မာမြို့ပြ အင်ဂျင်နီယာ အသင်း ( စင်ကာပူ ) တို့ ပူးပေါင်း၍ စင်ကာပူ နိုင်ငံတွင် ဆောက်လုပ် နေသော နည်းပညာသစ် ဆိုင်ရာ စာတမ်း ဖတ်ပွဲကို မန္တလေးတိုင်း ဒေသကြီး ၊ ချမ်းအေးသာဇံ မြို့နယ် ၊ ၇၇x၇၈ လမ်းကြား နှင့် ၃၃x၃၄ လမ်းကြား ရတနာပုံဈေး လေးလွှာထပ် ရှိ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းရုံးခန်းမ ၌ လာမည့် ဒီဇင်ဘာ ၃၀ ရက် နံနက် ၉ နာရီတွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စာတမ်းဖတ်ပွဲ သို့ စိတ်ပါ ၀င်စားသူများ တက်ရောက် နိုင်ပြီး အသေးစိတ် သိလိုပါက မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းရုံးသို့ ဆက်သွယ် စုံစမ်း နိုင်ကြောင်း သိရှိရသည်။

မြ၀တီ